DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့တွင် ရန်ကုန်လမ်းတချို့ တစ်ရက်ပိတ်ထားမည်
DVB
·
July 12, 2017
အာဇာနည်နေ့တွင် ရန်ကုန်လမ်းတချို့ တစ်ရက်ပိတ်ထားမည်
Donate to DVB

 

ရန်ကုန်မြို့မှာ လာမယ့် ဇူလိုင်လ ၁၉ရက် အာဇာနည်နေ့အခမ်းအနား ကျင်းပမယ့်နေရာ ဝန်းကျင်က လမ်းတချို့ကို တစ်ရက် ပိတ်ထားမယ်လို့ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကြေညာထားပါတယ်။

အခမ်းအနားကို အာဇာနည်ဗိမာန်မှာ ကျင်းပမှာ ဖြစ်ပြီး ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီကနေ ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီအထိ ပိတ်ထားမှာပါ။

အနောက်ရွှေဂုံတိုင်လမ်းကို ဦးဝိစာရလမ်းဆုံကနေ လင့်လမ်းဆုံအထိ၊ အနောက်ရွှေဂုံတိုင် လမ်းက အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့မုခ်စောင်းတန်းအထိ၊ အနောက်ရွှေဂုံတိုင် လမ်းက အာဇာနည်ဗိမာန်ကိုသွားတဲ့ အုတ်လှေကားလမ်းနဲ့ ကျောက်ဆည်ဓမ္မာရုံဘေး လမ်းကြားတွေကို ပိတ်ထားမှာပါ။

အာဇာနည်ဗိမာန်ကို လာရောက် ဂါရဝပြုမယ့်သူတွေအတွက် မွန်းတည့် ၁၂ နာရီကနေ ညနေ ၅ အထိဖွင့်ထားမှ ဖြစ်ပြီး အနောက်ရွှေဂုံတိုင်လမ်းနဲ့ အာဇာနည်လမ်းဆုံ ဂိတ် ၁ က ဝင်ရောက်ပြီး ဂိတ် ၂ ကတဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ် စောင်းတန်းကို ထွက်ရမယ်လို့ ကြေညာထားပါတယ်။

အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) တွေကို ဝင်ရောက်မယ့် သူတွေအနေနဲ့ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ လက်ကိုင်အိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်း၊ ဗီနိုင်းစ၊ ပုလင်း၊ ဘူး၊ အလံ၊ အလံကိုင်ရာမှာသုံးတဲ့ တုတ်၊ သံပိုက်၊ ကော်ပိုက်နဲ့ ကြိုတင်စစ်ဆေးခံထားတာ မရှိတဲ့ လုံခြုံရေးထိခိုက်စေမယ့် ပစ္စည်းတွေ မယူဆောင်ရဘူး လို့လည်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013