DVB Logo
Home
မြန်မာသတင်း
ကညွှတ်ကွင်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
July 12, 2017
ကညွှတ်ကွင်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကညွှတ်ကွင်းမြို့ မြောက်ဘက် ဂုံးတဲကျေးရွာအနီးမှာ ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်းက ယာဉ်တိုက်မှုတခု ဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကညွှတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းအတိုင်း ကညွှတ်ကွင်းမြို့ဘက်ကနေ ဖြူးမြို့ဘက်ကို ယာဉ်မောင်း သဲမောင် မောင်းနှင်နေတဲ့ ဆိုင်ကယ်ကို ယာဉ်မောင်းသက်နိုင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်က ကျောက်တက်ချိန် ရှေ့ဘက်က ယာဉ်တစီး ဝင်လာတာကြောင့် လမ်းဘေးကို ဆွဲချရင်း အရှိန်မထိုးနိုင်ဘဲ ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်မိခဲ့တာပါ။

ကညွှတ်ကွင်း နယ်မြေရဲ့တပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက “ကားက တောင်ဘက်ကပဲ မောင်းလာတာ။ ဆိုင်ကယ်နဲ့ လားရာတူပေါ့။ အဲဒီမှာ ကားက ဆိုင်ကယ်ကို ကျော်တက်တာဗျ။ အဲဒီအချိန်မှာပဲ ရှေ့က ကားဝင်လာတော့ လမ်းဘေးကို ဆွဲချတယ်။ အရှိန်ကများတော့ ရှေ့က မောင်းနေတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတာပါ။ ဆိုင်ကယ်ပေါ်မှာ သုံးယောက် စီးလာတာ။ အလယ်ကလူ သေတာပါ။ ဆိုင်ကယ်ကတော့ မြင်တဲ့အတိုင်းပဲ ထက်ပိုင်းကျိုးသွားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာသူ ၃ ယောက်မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ရဲရင့်အောင်ဟာ ဒဏ်ရာ ပြင်းထန်တာကြောင့် ကညွှတ်ကွင်း ပြည်သူ့ဆေးရုံကို ရောက်ရှိချိန်မှာ သေဆုံးသွားပြီး ကျန်နှစ်ဦးကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းခဲ့ရပါတယ်။

ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲ့စခန်းက ၁၂ ဘီ ယာဉ်မောင်း သက်နိုင်ကို လူ့အသက် သေဆုံးပြီး ဒဏ်ရာတွေ ရတဲ့အထိ ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က တို့နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013