DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးခေါင်းလောင်းပုံစံငယ် ဂျပန်က မြန်မာနိုင်ငံအတွက် လှူဒါန်း
DVB
·
July 12, 2017
Donate to DVB

ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးခေါင်းလောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်  ၃ လုံးကို ပေးအပ်လှူဒါန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးခေါင်းလောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ မစ္စဆီကိုတာကာဆီက   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်တွေကို  ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက နေပြည်တော် အမျိုးသားပြတိုက်မှာ အခမ်းအနားနဲ့ လှူဒါန်းလိုက်တာပါ။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အခုလို ငြိမ်းချမ်းရေးကို ရည်ရွယ်လှူဒါန်းခြင်းဟာ မွန်မြတ်တန်ဖိုးရှိလှတဲ့ လုပ်ဆောင်မှုတခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ အကြား ဆက်ဆံရေးကိုလည်း တိုးမြှင့်နိုင်သလို ငြိမ်းချမ်းရေးခေါင်းလောင်းဟာ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးကို တိုးမြှင့်ပေးနေတဲ့ အခြေခံတွန်းအားတခုအဖြစ် ရပ်တည်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့တယ်လို့ သာသနာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါခေါင်းလောင်းပုံစံငယ်ဟာ  အလေးချိန် ၄ ကီလိုဂရမ်၊ အချင်း ၁၅၀ မီလီမီတာ၊ အမြင့် ၂၆၅ မီလီမီတာ ရှိပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံက လှူဒါန်းထားတဲ့  ရှေးဟောင်းဒင်္ဂါးတွေ၊ ဂျပန်ဓားတွေ၊ ကျဉ်ဆန်ခွံတွေနဲ့  ကြေးတံဆိပ်တွေ ပေါင်းစု သွန်းလုပ်ခဲ့ကာ တကမ္ဘာလုံး ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲပါစေဆိုတဲ့  ခန်းဂျီစာလုံး ၈ လုံးကို ရေးထိုးထားတယ်လို့ သိရပါတယ်။

၁၉၅၄ ဇွန်လ ၈ ရက်မှာ  ကုလသမဂ္ဂသို့ အဆိုပါ ခေါင်းလောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ပထမဦးဆုံး ခေါင်းလောင်းပုံစံငယ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ - Ministry of Religious Affairs and Culture

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013