DVB Logo
Home
မြန်မာသတင်း
အိမ်ထောင်စု ၂၀၀၀ ကျော် ရေဘေးသင့်နေ၊ ဟော့လိုင်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်
DVB
·
July 12, 2017
Donate to DVB

ဇူလိုင်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ချင်းတွင်းမြစ်ရေကြီးနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့တွေ ရွာတွေမှာ  အိမ်ထောင်စုပေါင်း ၂၀၀၀ကျော် လူဦးရေ  ၁၀၈၀၀ လောက် ရေဘေးဒုက္ခ ခံစားနေကြရတယ်လို့  လူကယ်ပြန်ဌာနက သိရပါတယ်။

ဇူလိုင် ၃ ရက်ကနေ ၉ ရက်အထိ ရရှိထားတဲ့စာရင်းဖြစ်ပြီး ရေကြီးမှုကြောင့် လူနေအိမ် ၂၃ လုံး ရေထဲမျောပါသွားပြီး  ခန္တီးမှာ လူ ၁ ဦးသေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးနေသလို အိမ်ဆောက်ပစ္စည်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေပြီး ရေဘေးသင့်သူတွေအနေနဲ့   ဟော့လိုင်း တယ်လီဖုန်းနံပါတ်  ၀၆၇ ၄၀၄ ၆၆၆ နဲ့ ၀၆၇ ၄၀၄ ၇၇၇ တွေကို  ၂၄ နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013