DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၃ ထောင်ခန့်ရှိ၊ ၁၈ ဦး သေဆုံး
DVB
·
July 11, 2017
Donate to DVB

ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃ ထောင်လောက်ရှိပြီး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ တိုင်းကျန်းမာရေး တာဝန်ရှိသူက ပြောပါတယ်။

ဒီနှစ် အစကနေ ဇူလိုင် ၉ ရက်နေ့အထိ လူပေါင်း ၂၈၅၅ ယောက် ဖြစ်ခဲ့ပြီး ၁၈ ယောက် သေဆုံးခဲ့တာပါ။

အခုလို အဖြစ်များနေတဲ့အပေါ် လူတွေ ပိုပြီး သတိထားမိဖို့ ဌာနဆိုင်ရာ အားလုံးပါဝင်တဲ့ လှုပ်ရှားမှုတစ်ခုကို မနက်ဖြန် ပြုလုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေါက်တာ ခင်နန်းလုံက ပြောပါတယ်။

“မြို့နယ်တိုင်း၊ ကျောင်း၊ ဌာနနေရာတိုင်းမှာ မနက်ဖြန် မနက် ၈ နာရီ ကိုယ့်နေရာနဲ့ကိုယ် တပြိုင်တည်း လုပ်ကြမှာပါ။ ဖုံး၊ သွန်၊ လဲ၊ စစ်ပေါ့။ အထူးအနေနဲ့ကတော့ တောင်ဒဂုံ၊ ဒလ၊ လှိုင်သာယာ စတဲ့နေရာတွေမှာ ဌာနတွေ ပိုစုံစုံနဲ့ လုပ်ဖြစ်မယ်” လို့ ပြောပါတယ်။

ဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တာ ပိုလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းပြောဆိုထားတာ ရှိပါတယ်။

ဓာတ်ပုံ - Myanmar CDC - ပြည်သူ့ကျန်းမာရေးဦးစီးဌာန

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013