DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း၌ ပတ်စ်ပို့သက်တမ်းတိုးပြီး ပြန်လာသည့် မြန်မာလုပ်သား ၃၇ ဦး ဖမ်းဆီးခံရ
DVB
·
July 11, 2017
ထိုင်းတောင်ပိုင်း၌ ပတ်စ်ပို့သက်တမ်းတိုးပြီး ပြန်လာသည့် မြန်မာလုပ်သား ၃၇ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ် ပါကျန်ကုတိုးဆိပ်မှာ ဇူလိုင် ၈ ရက်မနက်က မြန်မာဘက်ခြမ်းမှာ နိုင်ငံကူးလက်မှတ်သက်တမ်းသွားတိုးပြီး ပြန်ဝင်လာတဲ့ အလုပ်သမား ၃၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် MAT က ပြောပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ အစစ်ဖြစ်ပေမယ့်လည်း တရားဝင်လမ်းကြောင်းကနေ ၀င်ထွက်တာ မဟုတ်လို့  အခုလိုအဖမ်းခံရတာလို့  MAT ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါ တယ်။

“စုစုပေါင်း ၃၇ ယောက်၊ ကလေးတွေရော၊ ကလေးအမေတွေရောပါတယ်။  သူတို့က ပန်းရောင်ကတ်ကိုင်ပြီး တချို့က ၄ နှစ် တချို့က ၆ နှစ် ပတ်စပို့  သက်တမ်းကုန်လို့ သက်တမ်းသွားတိုးတာ၊  မြန်မာပြည်က ထွက်သွားတာ အမှန်ဆိုရင် ကော့သောင်း၊ ရနောင်း လ၀က ဂိတ်စခန်းတွေကနေ  ဗီဇာတုံးထုပြီး ထွက်ရမှာလေ။ ပြီးတော့ ပြန်ဝင်ရင်လည်း အ၀င်တုံးပြန်ထုရမှာ။ အခုဟာက ပါချန်ကုတိုးဆိပ်ကနေ လွယ်လွယ်ဘဲ ကူးလိုက်တယ်။  အဲဒီဂိတ်က တရားမ၀င်ဘူး။ နားလည်မှုနဲ့ သွားလာနေတာ၊ အဆင်ပြေတဲ့အခါ ရှိတယ်။ မပြေတဲ့အခါရှိတယ်။  အလုပ်သမားတွေကတော့ ဘာမှ မသိတဲ့ သူတွေများပါတယ်။ ပွဲစားတွေ အပေါ်မှာဘဲ အားကိုးနေရတယ်ဆိုတော့ ပွဲစားက အဆင်ပြေရင်  ပြေတဲ့သဘောပဲ။ ပွဲစားက အလွယ်လိုက်တော့  ပွဲစားမှာ တာဝန်ရှိတာပေါ့။”

အဆိုပါအလုပ်သမားတွေမှာ ထိုင်းနိုင်ငံ မဟာချိုင်၊ ချွန်းပူးရီး စတဲ့ နေရာပေါင်းစုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး  ပွဲစားကို တဦးလျှင် ထိုင်းဘတ်ငွေ ၈၅၀၀ နဲ့ ထားဝယ်မြို့မှာ ပတ်စပို့သက်တမ်းသွားတိုးတာလို့ ဆိုပါတယ်။

အလုပ်သမားတွေဟာ ထိုင်း- မြန်မာသံရုံးမှာသွားပြီး ပတ်စပို့သက်တမ်းတိုးလို့ရပေမယ့် အနည်းဆုံး ၄ လကနေ ၆ လထိကြာတတ်တာကြောင့် အလုပ်သမားတွေ ဒီကြားထဲ စာအုပ်သက်တမ်း ကုန်သွားမှာစိုးလို့  မြန်မြန်ရအောင် ပွဲစားနဲ့ လုပ်ကြတာလို့ ဆိုပါတယ်။

ထိုင်းနဲ့မြန်မာအစိုးရကြား အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်မှာ အဆင့်တွေ များပြား ရှုတ်ထွေးလွန်းတာကြောင့်  အလုပ်သမားတွေက ပွဲစားနဲ့ ဆောင်ရွက်နေရတာကြောင့် ရှင်းလင်းလွယ်ကူတဲ့ လုပ်ငန်းစဉ်ကို ရှာဖွေဆောင်ရွက်သင့်တယ်လို့  ဦးကျော်သောင်းက အကြံပြုပါတယ်။

ဓာတ်ပုံ- goldenworkers.asia/    

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013