DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီး
DVB
·
July 11, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းမှ ကျေးရွာများမှာ ချင်းတွင်းမြစ်ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံရှုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလို ကနီမြို့နယ်အတွင်းမှာ စိုက်ပျိုးသီးနှံ ထိခိုက်ပျက်စီးခဲ့တဲ့ ကျေးရွာပေါင်း ၁၆ ရွာရှိပြီး အများအားဖြင့် နှမ်း၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာနဲ့ ပဲစိမ်းငုံတို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက "သီးနှံတွေ ရေမြုပ်သွားတာ ဟုတ်ပါတယ်။ ပျက်စီးမှု စာရင်းတွေလည်း လိုက်ပြုစုနေတယ်။ ရွာ ၁၈ ရွာက အိမ်ခြေပေါင်း ၁၄၇၉ အိမ်လည်း ရေဝင်နေတယ်"လို့ ပြောပါတယ်။

စိုက်ပျိုးသီးနှံများ ရေနစ်မြုပ်ရာမှာ ဇူလိုင်လ ၁၀ ရက်နေ့ထိ စာရင်းများအရ ထိခိုက်မှုဧက ၈၆၅ ဧကနဲ့ ပျက်စီးမှုဧက ၅၃၈ ဧက ရှိကြောင်း သိရပြီး တောင်သူပေါင်း ၉၂၉ ဦးပိုင်ဆိုင်တဲ့ သီးနှံတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ကနီမြို့နယ်တွင်းက ကျေးရွာများမှာ ရေဝင်နစ်မြုပ်မှုများကြောင့် အခုလို သီးနှံအများပြား ပျက်စီးခဲ့ရသလို အိမ်ခြေနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရတာတွေလည်း ရှိနေပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013