DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကျောက်ဖြူမြို့သို့ ရောက်ရှိ
DVB
·
July 11, 2017
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကျောက်ဖြူမြို့သို့  ရောက်ရှိ
1 / 3
Donate to DVB

 

လူ့အခွင့်အရေး အခြေနေတွေကို လေ့လာဖို့  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ မနက် ၁၂ နာရီခွဲက ကျောက်ဖြူလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ကျောက်ဖြူ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဌာနဆိုင်ရာတွေ၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စဟန်ဟီးလီက မိုရာမုန်တိုင်းကြောင့် ပျက်စီးမှုအခြေအနေတွေ၊ အထူးစီပွားရေးဇုံနဲ့ ရေနံဆိပ်ကမ်းတွေနဲ့ ပတ်သက်ပြီး ဒေသခံအပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့  ဌာနဆိုင်ရာတွေကို မေးမြန်းခဲ့ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေး နိုင်ဖို့အတွက် မီဒီယာတွေကို ဆွေနွေးခန်းမ အပြင်သို့ ထွက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲပြီးနောက် ကျောက်ဖြူ ပြင်ဖြူမော် ရခိုင်ကယ်ဆယ်ရေးစခန်းနဲ့ ကျောက်တစ်လုံး ဘင်္ဂလီကယ်ဆယ်ရေးစခန်းတွေကို  သွားရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ဖြူ အထူစီပွါးရေးဇုန်အတွင်းမှ ဒေသခံတွေရဲ့ လူ့အခွင့်ရေးအခြေ အနေတွေကို လေ့လာမှာဖြစ်သလို ပိုက်လိုင်းကြောင့် ထိခိုက်နစ်နာသူတွေနဲ့ မဒေကျွန်းဒေခံ တောင်သူလယ်သမားတွေကိုလည်း  တွေ့ဆုံဖို့ရှိနေပါတယ်။

မစ္စယန်ဟီးလီဟာ  မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာ လာရောက်လေ့လာမှာဖြစ်ပြီး မြန်မာပြည်ဆိုင်ရာလူ့အခွင့်ရေး အစီရင်ခံစာကို အောက်တိုဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းရမှာဖြစ်ပါတယ်။

သတင်း - DMG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013