
၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ကနေ ပရိုဂျက်တာအသုံးပြုကာ ၈၈၈၈ သပိတ်လှုပ်ရှားမှုကို လုံခြုံရေးတင်းကျပ်နေတဲ့ကြားကပဲ ရန်ကုန်မြို့တနေရာမှာ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်၊
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက "ကျနော်တို့ ခုချိန်ထိ ရန်ကုန်မှာ ဆက်လက်လှုပ်ရှားနေတာဟာ ပြည်သူတွေနဲ့ တော်လှန်ရေးကို အလှမ်းမဝေးကွာစေချင်လို့ ဖြစ်ပါတယ်။ အခုချိန်ကာလမှာ ရန်ကုန်လိုနေရာမှာ လှုပ်ရှားမှုတွေလုပ်ရတာဟာ အတော်လေး အန္တရာယ်များတယ်ဆိုတာလည်း အားလုံးသိမှာပါ။ ကျနော်တို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ အနေနဲ့ ပြည်သူနဲ့အတူ မြေပြင်မှာ တသားတည်း ရှိနေပါတယ်" လို့ DVB ကို ပြောပါတယ်။
မတရားမှုတွေကို ဒီမျိုးဆက်မှာ အမြစ်ပြတ် မတော်လှန်နိုင်ရင် နောက်မျိုးဆက်တွေဆီကို အခုထက် ပိုဆိုးတဲ့ ဒုက္ခတွေ လက်ဆင့်ကမ်းနေသလို ဖြစ်နေမှာကြောင့် ဒီမတရားမှုတွေကို ဒီမျိုးဆက်မှာဘဲ အမြစ်ပြတ်တော်လှန်ကြဖို့ကိုလည်း သတိပေးတိုက်တွန်းထားပါတယ်၊
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှာ Owl Community, Kyimyindaing Networks (KMD18), Mayangone Democratic Front (MDF) နဲ့ Linn Yaung Ni Youth Organization (LYNYO) တို့ ပါဝင်ပါတယ်၊










