DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီများ နောက်ထပ်ခိုးဝင်မှုမရှိစေရဟု လ၀က ကတိပေး
DVB
·
July 11, 2017
ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီများ နောက်ထပ်ခိုးဝင်မှုမရှိစေရဟု လ၀က ကတိပေး
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်းကို ဘင်္ဂါလီတွေ နောက်ထက် ခိုးဝင်မှုမရှိစေရတော့ဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကတိပေးပြောကြားလိုက်ပါတယ်။

နိုင်ငံသားပြဿနာဖြစ်ပွားမှု အကြီးမားဆုံးဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ ဘက်ကနေ ဘင်္ဂါလီတွေ နောက်ထက် ခိုးဝင်လာမှု မရှိစေရဘူးလို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

“အခုအချိန်မှာတော့ ရခိုင်ပြည်နယ်က ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်တွေကို လူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ကျနော်တို့ နောက်မှာ တပ်မတော်စစ်ကြောင်းကလည်းလိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေသလို၊ ပင်လယ်ပြင်မှာ လည်း တပ်မတော်ရေက လှည်းကင်းလှည့်နေတော့ အခုချိန်မှာ အရင်ရှိပြီးသား ဘင်္ဂါလီတွေ ကလွဲပြီး အပြင်ကနေ ခိုးဝင်တာတွေ မရှိပါဘူး။ နောက်ထက်လည်း မဝင်လာနိုင်တော့ဘူး။”

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ နှစ်ကာလကြာမြင့်စွာ နေထိုင်ခဲ့ပြီး ဝှိုက်ကတ်ကိုင်ဆောင်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီတွေကိုတော့ လက်ရှိ အချိန်မှာ ဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေး ကတ်တွေ ထုတ်ပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013