DVB Logo
Home
မြန်မာသတင်း
နေအိမ်တွင်းအုပ်စုဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲနေသူများကိုဖမ်းမိ
DVB
·
July 11, 2017
နေအိမ်တွင်းအုပ်စုဖွဲ့  မူးယစ်ဆေးဝါးသုံးစွဲနေသူများကိုဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ တိုက်မွန်းရွာ နေအိမ်တအိမ်မှာ မူးယစ်ဆေးဝါး ဝိုင်းဖွဲ့သုံးစွဲနေသူတွေကို သက်သေခံပစ္စည်းတွေနဲ့တကွ ဇူလိုင် ၁၀ ရက် ညနေက ဖမ်းမိခဲ့တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းက သိရပါတယ်။

မူးယစ်ဆေးဝါးဝိုင်းဖွဲ့သုံးစွဲနေတဲ့သတင်းအရ ပင်လည်ဘူးမြို့မရဲစခန်းမှ ရဲအုပ်မိုးကြယ်နဲ့ အဖွဲ့က သွားရောက်ဖမ်းဆီးရာ တိုက်မွန်းရွာနေ ကျော်ဝင်း(ဘ)ဦးရုံးဖေရဲ့ နေအိမ်ကိုရှာဖွေရာ မူးယစ်ဆေးဝါး ဝိုင်းဖွဲ့သုံးစွဲနေတဲ့ တိုက်မွန်းရွာသား ထွန်းမောင် (၆၂နှစ်)၊ ကြည်ဖေ (၄၆ နှစ်)၊ စံထူး (၄၁နှစ်)၊ ချစ်လင်း (၄၂ နှစ်)၊ အောင်ထွေး (၃၆ နှစ်)၊ စန်းဝင်း (၃၈ နှစ်) နဲ့ တိမ်းပင်ကျေးရွာနေ တင်လှ (၄၂ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ပြီး အိမ်ရှင် ကျော်ဝင်းကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အဆိုပါနေအိမ်မှ ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါကြားအမှုန့် ၁၈.၆၁၄ ဂရမ်ခန့် စုစုပေါင်းကာလတန်ဖိုး ၁၈၆၄၁၀၀ ကျပ်ခန့်နဲ့  wy စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၇ထုပ် စုစုပေါင်း ၁၄၀၀ပြား၊ ၁၇၀ပြားပါ ၁ထုပ်၊ ၁၈၀ ပြားပါ ၁ထုပ်၊ ၁၄၇ ပြားပါ ၁ ထုပ်၊ ၁၁၄ပြားပါ ၁ထုပ်၊ ၉ပြားပါ ၁ထုပ်၊ ၃၅ပြားပါ ၁ထုပ်၊ ၉ပြားပါ ပင်နီဆလင် ၁ပုလင်း စုစုပေါင်း ၂၁၄၅ ပြား၊ ကာလတန်ဖိုး ၁၀၇၂၅၀၀၀ ကျပ်နဲ့ ငွေ ၇၅၀၀၀ ကျပ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်အရ အိမ်ရှင်ဖြစ်သူ ကျော်ဝင်းရဲ့ ပစ္စည်းတွေဖြစ်ပြီး ကျော်ဝင်းမှာ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် အမြန်ဆုံး ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေတယ်လို့ ပင်လည်ဘူးမြို့မရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013