DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းတွင် ကျောင်း ၁၇၈ ကျောင်း ပိတ်ထား
DVB
·
July 11, 2017
ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းတွင် ကျောင်း ၁၇၈ ကျောင်း ပိတ်ထား
Donate to DVB

 

မြစ်ရေတက်နေတဲ့အတွက် စစ်ကိုင်းတိုင်းက မြို့ ၈ မြို့ရေကြီးနေပြီး စာသင်ကျောင်း ၁၇၈ ကျောင်း ပိတ်ထားရပါတယ်။

မုံရွာ၊ ခန္တီး၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ ဖောင်းပြင်၊ ဟုမ္မလင်းနဲ့ မော်လိုက်မြို့တွေမှာ ချင်းတွင်းမြစ်ရေကြောင့် ရေကြီးနေတာပါ။

အထက်တန်းကျောင်း ၁၅ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၈ ကျောင်း၊ အလယ်တန်ကျောင်း ၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃၆ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၃ ကျောင်း၊ မူလတန်းကျောင်း ၇၇ ကျောင်းနဲ့ မူလတန်းကျောင်းခွဲ ၁၁ ကျောင်း ပိတ်ထားရပါတယ်။ မင်းကင်းမြို့မှာ အများဆုံး ပိတ်ထားရတာပါ။

“ဇူလိုင် ၃ ရက်ကနေ မနေ့ကအထိ စာရင်းတွေဖြစ်ပါတယ်။ ဒီနေ့ကလည်း မုံရွာမှာ ထပ်တက်နေ တယ်။ ထပ်ပိတ်တာတွေလည်း ရှိဦးမှာပေါ့။ စာရင်းကတော့ မရသေးဘူး။ ဒီပိတ်ရက်တွေကို သက်ဆိုင်ရာကျောင်းတွေအလိုက် ရေပြန်ကျပြီးသွားရင် အစားထိုး တက်နိုင်ဖို့ စီစဉ်ကြမှာပေါ့” လို့ စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013