DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မှတ်ပုံတင်အတုများဖမ်းမိ
DVB
·
July 11, 2017
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မှတ်ပုံတင်အတုများဖမ်းမိ
Donate to DVB

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၁၆၈) ရပ်ကွက်မှာ ငွေကျပ် ၅သောင်းနဲ့ လုပ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင် အတုတွေ  ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဇူလိုင် ၉ ရက်မနက်က  (၁၆၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရာအိမ်မှူး ဦးလှစိန်နဲ့ ဦးသိန်းတန်တို့ထံ ယင်းရပ်ကွက်နေ ဟိန်းမင်းဦး၊ မခင်ဝိုင်း၊ ကျော်ခိုင်၊ ကျော်သန့်ဇင်၊ အောင်သူ၊ ခင်ငြိမ်းချမ်းနဲ့  အောင်ဝင်းတို့ လာရောက်ပြီး အလုပ်ထောက်ခံစာအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ပြသရာ မသင်္ကာလို့  မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနရုံး  ဦးစီးမှူး ဦးသန်းဌေးမြင့်ထံ အကြောင်းကြားရာက ကတ်ပြားအတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ၇ ဦးရဲ့ ပြောပြချက်အရ (၁၆၈) ရပ်ကွက် ကနောင်မင်းသားကြီးလမ်း နေ့ကလေးထိန်းကျောင်းလုံခြုံရေး ဦးကျော်ဆွေထံမှ မှတ်ပုံတင် ကတ်ပြားတစ်ပြားကို ငွေကျပ် ၅ဝဝဝဝ နဲ့ ဝယ်ယူခဲ့ကြောင်းသိရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မှတ်ပုံတင် အတုလုပ်ပေးတဲ့ ဦးကျော်ဆွေ (၅၂ နှစ်)ကို ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013