DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့တွင် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥသြဆွဲရန် သမ္မတရုံးညွန်ကြား
DVB
·
July 11, 2017
အာဇာနည်နေ့တွင် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥသြဆွဲရန် သမ္မတရုံးညွန်ကြား
Donate to DVB

 

လာမယ့် ဇူလိုင် ၁၉ရက် နှစ် ၇ဝ ပြည့် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ နိုင်ငံတ၀န်းမှာ နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူကြဖို့ နိုင်ငံတော် သမ္မတရုံးက အစိုးရရုံးဌာန အားလုံးကို ညွန်ကြားထားပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ မြန်မာအသံနဲ့ ရုပ်မြင်သံကြားက ဥသြဆွဲအချက်ပေးဖို့နဲ့ ဒီအချိန်မှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေ ခေတ္တရပ်ပြီး ဟွန်းတီးစေဖို့လည်း နှိုးဆော်ထားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(နတ်မောက်)နဲ့ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး)တို့ကို ရဟန်းရှင်လူ ပြည်သူလူထုနဲ့ နိုင်ငံခြားသားတွေ အခမဲ့ကြည့်ရှု လေ့လာနိုင်ဖို့အတွက် ဖွင့်လှစ်ပြသသွားမယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နဲ့ (နတ်မောက်)တို့ကို ဇူလိုင် ၁၉ ရက် မှာ မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ၊ ဇူလိုင် ၂ဝ၊၂၁၊၂၂၊၂၃ ရက်တွေမှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ၊  ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)ကို ဇူလိုင် ၁၉၊ ၂ဝ၊ ၂၁ ရက်တွေမှာ မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013