DVB Logo
Home
မြန်မာသတင်း
မယ်လစခန်းမှ မြန်မာဒုက္ခသည် ၁၀၀ ကျော် ဆန္ဒအလျောက်နေရပ်ပြန်မည်
DVB
·
July 10, 2017
မယ်လစခန်းမှ မြန်မာဒုက္ခသည် ၁၀၀ ကျော် ဆန္ဒအလျောက်နေရပ်ပြန်မည်
Donate to DVB

 

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၁၀၈ ဦး ဆန္ဒအလျောက်  မြန်မာနိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာရေးသား ဖော်ပြပါတယ်။

ဒုက္ခသည် မိသားစု ၂၈ စုဟာ သူတို့ရဲ့ မူလနေရပ်မြို့ကို ပြန်ချင်နေကြတယ်လို့ သာစောင်ရမ်းမြို့နယ် အကြီးအကဲက သတင်းမှာပြောပါတယ်။

နိုင်ငံခြားရေးဌာနကနဲ့ မြန်မာသံရုံးက  တာဝန်ရှိသူတွေနဲ့ ဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းကို လာရောက်ခဲ့ပြီး ဒုက္ခသည်တွေ တရားဝင်နေရပ်ပြန်နိုင်ဖို့ အထောက်အထား စာရွက်စာတမ်းတွေ ဆက်လုပ်လုပ်ဆောင်ဖို့ရှိနေတယ်လို့လည်းပြောပါတယ်။

၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ မယ်လ ဒုက္ခသည် စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးစခန်းဖြစ်ပြီး  ကရင်လူမျိုးအများစု အပါအ၀င် ဒုက္ခသည်  ၅ သောင်းလောက် နေထိုင်နေပါတယ်။

မယ်လ ဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ တရှိန်ထိုးမြင့်တက်လာနေ တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်)က မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မယ်လဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၂၈ ဦးနဲ့ သေကြောင်းကြံစည်သူ ၆၆ ဦးရှိခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နှုန်းထက် ၃ ဆကျော်ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013