DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီက မစ္စယန်ဟီးလီနှင့် တွေ့ဆုံမည်မဟုတ်
DVB
·
July 10, 2017
ရခိုင်အမျိုးသားပါတီက မစ္စယန်ဟီးလီနှင့် တွေ့ဆုံမည်မဟုတ်
Donate to DVB

 

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ရခိုင်ခရီး စဉ်အတွင်းမှာရခိုင်အမျိုးသားပါတီ(အေအန်ပီ)ကဘက်က တွေ့ဆုံမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီအနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကို အစီအရင်တင်သွင်းတဲ့အခါ အမှန်တရားတွေနဲ့ ကင်းကွာနေပြီး အသိုင်းအဝိုင်း နှစ်ခုအကြား ဘက်လိုက်မှုတွေရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ဘင်္ဂလီအသိုင်းအဝိုင်းနဲ့ ရခိုင်အသိုင်းအဝိုင်းနှစ်ဖက်ကြားမှာ အမြဲတမ်း ဘင်္ဂလီ ကွန်မြူနတီဖက်ကိုပဲ ဦးစားပေးပြီးတော့ ရခိုင်တွေဖက်ကို တဖက်စောင်းတဲ့ အမြင်နဲ့ အပြစ်တင်တဲ့ပုံစံမျိုးတွေနဲ့ ဝေဖန်တင်ပြတာတွေ့ရပါတယ်။ ကျနော်တို့ ရခိုင်အမျိုးသား ပါတီအနေနဲ့ မစ္စယန်ဟီးလီရဲ့အစီအရင်ခံစာတွေ၊ မစ္စယန်းဟီးလီရဲ့တဖက်စောင်းနဲ့ဖော် ပြတာ တွေ၊ နောက်တခု ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကို အမြင်မကြည်လင်တာတွေ၊ အထူးသဖြင့် ရခိုင် တိုင်းရင်းသားတွေကို ဘင်္ဂလီလောက်တန်ဖိုး မထားတာတွေ၊ အရင်တုန်းက တွေ့ခွင့် တောင်းခဲ့ရင်တောင် ကျနော်တို့ မတွေ့ခဲ့ဘူး။ အခု ကျနော်တို့ ပါတီအနေနဲ့ကတော့ ဒီပုဂ္ဂိုလ်ရဲ့ ဆောင်ရွက်ချက်တွေကို သဘောမကျတဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ တွေ့ဖို့အစီစဉ် မရှိဘူးခင်ဗျ။”

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်းဟီးလီက ရန်ကုန်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်ဘက်တွေကို သွားရောက်မှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါ့အပြင် မစ္စယန်းဟီးလီခရီးစဉ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တောဒေသတွေကို သွားရောက်မှာ ဖြစ်ပြီး အခုတကြိမ်ဆိုရန် သူမရဲ့မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဆဋ္ဌမမြောက်အကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

မစ္စယန်ဟီးလီခရီးစဉ်မှာ ဇူလိုင် ၁၀ ရက်နေ့မှ ၂၁ ရက်အထိဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ် အတွင်းတွေ့ရှိချက်တွေကို လာမယ့်အောက်တိုဘာလမှာ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ ညီလာခံမှာ တင်ပြရမှာ ဖြစ်ပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013