DVB Logo
Home
မြန်မာသတင်း
မင်္ဂလာတောင်ညွှန့်ပဋိပက္ခတွင် ဖမ်းဆီးခဲ့သည့် ၅ ဦးကို ရုံးထုတ်စစ်ဆေး
DVB
·
July 10, 2017
မင်္ဂလာတောင်ညွှန့်ပဋိပက္ခတွင် ဖမ်းဆီးခဲ့သည့် ၅ ဦးကို ရုံးထုတ်စစ်ဆေး
1 / 5
Donate to DVB

 

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းမှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ဇူလိုင် ၁၀ ရက်က မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားလို ရဲမှူးခင်မောင်ဦးကို နှစ်ဖက်ရှေ့နေတွေက စစ်ဆေးခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ခိုးဝင်ဘင်္ဂါလီတွေ ရှိတယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ရပ်ကွက်နေသူတချို့နဲ့ အမျိုးသားရေး လှုပ်ရှားသူတချို့ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဓိက ပါဝင်ပတ်သက်ခဲ့တဲ့ သံဃာတော် ၂ ပါးနဲ့ လူ ၅ ဦးကို မင်္ဂလာတောင်ညွန်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ကာ ရဲအရေးမပိုင်မှု အမှတ်စဉ် ၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ဂ)/၃၄ နဲ့အရေးယူပေးဖို့ မြို့နယ်တရားရုံးကို ဦးတိုက်တိုင်တန်းခဲ့တာပါ။

မင်္ဂတောင်ညွှန့်ပဋိပက္ခဖြစ်စဉ်မှာ  ပါဝင်ပတ်သက်တဲ့ ဦးသုစိတ္တနဲ့ ဦးပညာဝံသ ရဟန်း ၂ ပါးကို  ကျင့်ထုံးဥပဒေပုဒ်မ-၅၁၂ အရ တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013