DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှတဆင့် ခိုးဝင်ဘင်္ဂါလီများ ဖမ်းမိ
DVB
·
July 10, 2017
Donate to DVB

ကော့သောင်းမြို့မှာ ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုး ၇ ဦးနဲ့ ထိုင်းလူမျိုး ၁ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။

ကော့သောင်းမြို့မှာ ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းက နယ်မြေလှည့်ကင်း ဆောင်ရွက် နေရာမှာ ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ပိတ်ထားတဲ့ ကွမ်းယာဆိုင်ခုံပေါ်မှာ အိပ်နေကြတဲ့ ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုး ၇ ဦးနဲ့ ထိုင်းလူမျိုး ၁ ဦး၊ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ အာဇီဇူလာ(၄၀-နှစ်)နဲ့ တခြား ၆ ဦးဟာ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ဖြတ်ပြီး ကရင်ပြည်နယ်ကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တာပါ။ တောထဲမှာ ၄ ရက် ကြာခဲ့ပြီး အစားအသောက်နဲ့ သောက်ရေ ပြတ်လပ်ခဲ့တာကြောင့် ထိုင်းရဲဆီမှာ အဖမ်းခံခဲ့ပြီး ထိုင်းရဲအချုပ်မှာ ၁၂ ရက် ကြာခဲ့ပါတယ်။ ထိုင်း လ.ဝ.က အချုပ်မှာ ၃၄ ရက် စုစုပေါင်း ၄၆ အချုပ်ခံခဲ့ရပြီး ဇူလိုင်လ ၆ ရက်နေ့မှာ ပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့နဲ့အတူ ပါလာသူ မီဇာနုရေ(၂၁-နှစ်)က ထိုင်းနိုင်ငံသားတဦးဖြစ်ပြီး ထိုင်းမှတ်ပုံတင် ပျောက်ဆုံးသွားခဲ့တာကြောင့် ထိုင်းရဲက စစ်ဆေးချိန်မှာ မပြသနိုင်ဘဲ ရနောင်းအချုပ်မှာ ကျခံနေရချိန် ဇူလိုင် ၆ ရက်နေ့က သူတို့ ၇ ဦးနဲ့အတူ ပြန်လွတ်ခဲ့ပြီး ရနောင်းလှေဆိပ်တခုကတဆင့် ကော့သောင်းမြို့ကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

ပိတောက်ရွှေဝါရပ်ကွက် စွန္နီဂျမေဗလီမှာ နေ့ပိုင်း အများနဲ့ ရောနေခဲ့ပြီး ညပိုင်းမှာ ဗလီက လက်မခံခဲ့တဲ့အတွက် ဗလီအနီး ပိတ်ထားတဲ့ ဈေးဆိုင်ခုံတွေမှာ အိပ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခိုးဝင် ၈ ဦးကို ကော့သောင်းရဲတပ်ဖွဲ့စခန်းက (ပ)၁၀၁၆/၂၀၁၇ လ.ဝ.က အက် ၁၃(၁) အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ ကော့သောင်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ရဲနိုင်ဝင်းက ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013