DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 10, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

နွေသီးထပ်ဆန်
ဝါးတန်းကုန်စည်ဒိုင်မှာတော့ နွေသီးထပ်ဆန် ၁ အိတ်ကို ၁၉,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၀,၅၀၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့ယှဉ်ရင်တော့ ၁၀၀၀ ကျပ် ဈေးတက်သွားပါတယ်။

ပဲစင်းငုံနီ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ ၁ တန်ကို ငွေကျပ် ၆၁၆,၅၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့ ယှဉ်ရင်တော့ ၁ တန်ကို ၇၅၀၀ ကျပ် ဈေးကျသွားပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာ ၂၆၅၀ ကျပ်ကနေ ငွေကျပ် ၂၇၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့နှိုင်းယှဉ်ရင် ၅၀ ဈေးတက်သွားပါတယ်။

ကြက်သွန်နီ(ဆိပ်ဖြူ၊ ပခုက္ကူ)
ကြက်သွန်နီကတော့ ၁ ပိဿာကို ၉၂၅ ကျပ်မှ ငွေကျပ် ၁,၂၇၅ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်သွားပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၀၅၀ ကျပ်ကနေ ငွေကျပ် ၂၁,၀၀ အထိ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးထက် ၅၀ ကျပ် ဈေးတက်သွားပါတယ်။

ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၅၀၀ ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။

မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ဒီနေ့ကမှာ ၁ ပိဿာကို ၂,၂၅၀ ကျပ်ကနေ ငွေကျပ် ၂၃၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးထက်စာရင် ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။

မြေပဲလုံးဆံဖြူ
မုံရွာကုန်စည်ဒိုင်မှာပဲ မြေပဲလုံးဆံဖြူ ၁ ပိဿာကို ၂,၃၀၀ ကျပ်ကနေ ငွေကျပ် ၂၄၀၀ ပေါက်ဈေးရှိပြီး ကျပ် ၁၀၀ ဈေးတက်သွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013