DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကျေးရွာအချို့ ကူညီကယ်ဆယ်ရေးများ လိုအပ်နေ
DVB
·
July 10, 2017
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့ ချင်းတွင်းမြစ်ရေ ဒုတိယအကြိမ် ရေပြန်တက်လာတဲ့အတွက် ခန္တီးတမြို့လုံး ရေမြုပ်နိုင်တဲ့အတွက် ကူညီကယ်ရေးတွေ လိုအပ်နေတယ်လို့ ခန္တီးမြို့မ ဆရာတော် ဦးကော်ဝိက မိန့်ကြားပါတယ်။

“ရေတက်နှုန်း မြန်လာတယ်။ အခုရေဝင်တဲ့ ကျေးရွာတွေမှာ ကူညီကယ်ဆယ် ထောက်ပံ့ပစ္စည်းတွေ မရပါဘူး။ ခန္တီးမြို့ပေါ်လောက်ပဲ ကယ်ဆယ်ရေးလုပ်ပေးနိုင်ရင် ကောင်းပါတယ်။ ကျေးရွာတွေ ရေဘေးခံစားရတာ ပိုများပါတယ်။ ခန္တီးမြို့အုပ်ချုပ်ရေးပိုင်းကတော့ မြို့ပေါ်လောက် ကူညီနိုင်သေးတယ်။ နယ်ကျေးရွာအချို့ ကူညီနိုင်ခြင်း မရှိသေးဘူး”လို့ ခန္တီးမြို့မဆရာတော် ဦးကော်ဝိက ပြောကြားပါတယ်။

ခန္တီးမြို့ပေါ် ရေဘေးရှောင်စခန်း ၃ ခုဖွင့်ထားပြီး မြသိန်းတန်ဘုရားကုန် ဇီးဖြူကုန်း ဘုန်းကြီးကျောင်းပေါ် မိုင်းဘုန်းကြီးကျောင်းတွေမှာ ဖွင့်ထားပြီး လူဦးရေ ၁ ထောင်လောက် ရှိလာတယ်လို့ သိပါတယ်။ ခန္တီးမြို့နယ်က ကျေးရွာ ၁၀ ခုလောက် ရေမြုပ်နေတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ထပ်တက်နေပြီး ဒီနေ့မနက် တိုင်းတာချက်အရ မော်လိုက်မြို့မှာ  စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲလောက်၊ ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၄ ပေလောက်၊ ကလေးဝနဲ့ မင်းကင်းမှာ ၃ ပေခွဲလောက်၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်တို့မှာ ၂ ပေလောက်၊ မုံရွာမှာ ၁ ပေလောက် ကျော်လွန်နေတယ်လို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။

မနက်ဖြန်မှာတော့ ခန္တီးမြို့မှာ လက်ရှိထက် ၁ ပေခွဲလောက် ထပ်တက်နိုင်တယ်လို့ သူက ပြောပါတယ်။

ပြီးတော့ နောက် ၃ ရက်အတွင်း  ဟုမ္မလင်းမြို့မှာ ၂ ပေခွဲလောက်၊ ဖောင်းပြင်မြို့မှာ ၂ ပေလောက်၊ မော်လိုက်နဲ့ ကလေးဝမှာ ၁ ပေခွဲလောက် ထပ်တက်နိုင်ပြီး မုံရွာမှာတော့ နောက် ၄ ရက်အတွင်း ၁ ပေလောက် ထပ်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။

သတင်း - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013