DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် ကရင်လူငယ် ၆ ဦး ဆိုင်ကယ်ခိုးမှုသံသယဖြင့် ဖမ်းဆီးခံရ
DVB
·
July 10, 2017
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံသား ကရင်လူငယ် ၆ ဦး ဆိုင်ကယ်ခိုးမှု သံသယနဲ့ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

တပ်ရင်း ၉ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေဟာ ဆန်ခရပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု တောအုပ်တ၀ိုက် နယ်မြေလုံခြုံရေး ကင်းလှည့်နေစဉ် တရားမဝင် တောလမ်းကနေ မောင်းနှင်လာတဲ့ ဟွန်ဒါဆိုင်ကယ် ၆ စီးကို စစ်ဆေးပြီး ဘာလိုင်စင်အထောက်အထားမှ မရှိတာနဲ့ ဆိုင်ကယ်မောင်းလာသူ လူငယ် ၆ ဦးကို ဖမ်းဆီးထားတာလို့ တပ်ရင်းမှူး ဝုတိချိုင်း နာခဝါနစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အဆိုပါ ဆိုင်ကယ်တွေဟာ ထောင်းဖာဖူးရပ်ကွက်နေ ထိုင်းလူမျိုး တဦးက သူတို့ကို မြန်မာဘက်ခြမ်းထိ တောလမ်းကနေ မောင်းနှင်ပို့ဆောင်ပေးဖို့ ၁ စီးကို ဘတ် ၅၀၀ နဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး ယခင်ကလည်း တကြိမ်ကို ဆိုင်ကယ် ၄ စီးမှ ၆ စီးထိ ငှားရမ်းမောင်းနှင် ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း လူငယ်တွေက ပြောပါတယ်။

ဒါပေမယ့် ဆိုင်ကယ်မှာ ဝယ်ယူမှု အထောက်အထားမရှိ၊ နံပါတ်မရှိ၊ လိုင်စင်လည်း မရှိတဲ့အတွက် တာဝန်ရှိသူတွေက ခိုးလာတဲ့ ဆိုင်ကယ်တွေလို့ ယူဆပြီး လူငယ် ၆ ဦးကို ဆက်လက်စစ်ဆေး အရေးယူဖို့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

အဖမ်းခံရသူ လူငယ် ၆ ဦးဟာ  ဆန်ခလပူရီမြို့နယ် လိုင်ဝိုကျေးရွာအုပ်စု ဆနဲဖောင်ရပ်ကွက်မှာ တည်းခိုနေထိုင်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013