DVB Logo
Home
မြန်မာသတင်း
လက်ကျန် ယုံကြည်ချက်အကျဉ်း​သား​များ​ လွှတ်​ပေး​ရန် ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်​တော့​မည်ဟုဆို
DVB
·
February 24, 2012
လက်ကျန် ယုံကြည်ချက်အကျဉ်း​သား​များ​ လွှတ်​ပေး​ရန် ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်​တော့​မည်ဟုဆို
Donate to DVB

အကျဉ်း​ထောင်အသီး​သီး​မှာ ကျန်ရစ်ခဲ့​ကြတဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ အတွက် စာ​ရေး​၊​ စာတင် ​တောင်း​ဆိုရုံမျှဖြင့်​ မရနိုင်​တော့​ဘဲ ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်ရ​တော့​မယ်လို့​ အရှင်ဝီရသူက မိန့်​ကြား​လိုက်ပါတယ်။

[caption id="attachment_21708" align="alignleft" width="300" caption="အရှင်ဝီရသူ​ သင်္ကန်းအဖြူ ဆင်းမြန်းထားစဉ်​​ (ဓာတ်ပုံ-ashinmettacara.net)"][/caption]

ပြီး​ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်တဲ့​ အရှင်ဝီရသူလို့​ လူသိများ​တဲ့​ ဆရာ​တော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (မစိုး​ရိမ်တိုက်သစ်) က ဒီလ ၂၂ ရက်​နေ့​က ​ကြေညာချက်တ​စောင်ထုတ်ပြန် မိန့်​ကြား​လိုက်တာပါ။

ပြည်​ထောင်စုအစိုး​ရ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာန ဝန်ကြီး​အပါအဝင် အမျိုး​သား​လူ့​အခွင့်​ရေး​ ​ကော်မရှင်​တွေကိုပါ ကျန်ရှိတဲ့​ ယုံကြည်ချက် အကျဉ်း​သား​စာရင်း​ကို တင်ပြခဲ့​ပေမယ့်​ ဒီ​နေ့​အချိန်အထိ ပြန်လွှတ်​ပေး​တာမျိုး​ မရှိ​သေး​တဲ့​အ​ပေါ် ဆရာ​တော်က မိန့်​ကြား​လိုက်တာပါ။

“ဦး​ဇင်း​ လွတ်လာပြီး​ ရက်ပိုင်း​အတွင်း​မှာပဲ သတင်း​စာရှင်း​လင်း​ပွဲ လုပ်တယ်​လေ။ အဲ့​ဒီပွဲမှာ ယုံကြည်ချက် အကျဉ်း​သား​တွေ ကျန်တာ ရှိရင် စာရင်း​ပေး​ပါ။ လွှတ်​ပေး​ပါမယ် ဆိုပြီး​ အစိုး​ရကိုယ်တိုင် တရား​ဝင် ကမ်း​လှမ်း​ခဲ့​တယ်​လေ။ ဦး​ဇင်း​က မန္တ​လေး​ထောင်နဲ့​ မြစ်ကြီး​နား​ထောင်မှာ ​နေခဲ့​တာဆို​တော့​ မန္တ​လေး​ထောင်မှာ ကျန်ခဲ့​တဲ့​ အကျဉ်း​သား​တွေ စာရင်း​ ​ကောက်လိုက်တယ်။ မြစ်ကြီး​နား​ထောင်မှာ ကျန်ရှိတဲ့​ အကျဉ်း​သား​စာရင်း​နဲ့​ ​ပေါင်း​လိုက်တဲ့​အခါမှာ မန္တ​လေး​ထောင်မှာ ၇၆​ယောက်ကျန်တယ်။ ၇၆​ယောက်ထဲမှာ ဦး​ဇင်း​ ၁၈ ပါး​၊​ ကိုရင် ၂ ပါး​။ မြစ်ကြီး​နား​မှာ နိုင်ငံ​ရေး​ ယုံကြည်ချက်နဲ့​ ကျတဲ့​ ဦး​ဇင်း​ ၂ ပါး​ကျန်တယ်။ အား​လုံး​ပေါင်း​တော့​ ၇၈ ​ယောက်​ပေါ့​။ ဦး​ဇင်း​ စာရင်း​ပြုစုပြီး​တော့​ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ကိုလည်း​ တင်တယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး​ ကိုကို ပြည်ထဲ​ရေး​ ပြည်​ထောင်စုဝန်ကြီး​ဌာနကိုလည်း​ တင်တယ်။ ​နောက် အိတ်ခ်ျအာဒဗလျူတို့​ ဆိုင်ရာအဖွဲ့​အစည်း​တွေကိုလည်း​ တင်တယ်။ အဲ့​လို စာတင်ပြီး​တော့​ ​နေခဲ့​တယ်။ ပြည်​ထောင်စု​နေ့​ အခါကြီး​ရက်ကြီး​မှာ လွှတ်မလား​နဲ့​ပေါ့​။ ဒါ​ပေမယ့်​ ပြည်​ထောင်စု​နေ့​မှာလည်း​ မထူး​ခြား​လာဘူး​လေ။ ဒါ​ကြောင့်​ ဒီ​ကြေညာချက်ကို ထုတ်လိုက်တာ။”

ဒီလို ​တောင်း​ဆိုမှု အဆင့်​ဆင့်​ကို ပြုလုပ်တဲ့​နေရာမှာလည်း​ သမ္မတကြီး​ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​ဖော်​ဆောင်​နေတဲ့​ ဒီမိုက​ရေစီလမ်း​စဉ်ကို မထိခိုက်​စေဘဲ ငြိမ်း​ချမ်း​စွာနဲ့​ ​အေး​ချမ်း​စွာ ဝတ်ပြုဆု​တောင်း​တာ၊​ ဆန္ဒပြုတာ​တွေကို အရင်ဆုံး​ ​ဆောင်ရွက်သွား​မှာဖြစ်ပြီး​ လာမယ့်​ တ​ပေါင်း​လပြည့်​နေ့​ ​နောက်ပိုင်း​မှာ စတင်ပြုလုပ်​တော့​မှာ ဖြစ်ပါတယ်။

“တ​ပေါင်း​လပြည့်​နေ့​ကို တချက် မှန်း​ထား​ပါတယ်။ တ​ပေါင်း​လပြည့်​နေ့​က ​ရွှေတိဂုံ​စေတီ​တော် နှစ် ၂၆၀၀ ပြည့်​နဲ့​လည်း​ ကြုံ​တော့​ ဒီလိုရက်မျိုး​မှာ သာသနာ့​ ဒါယိကာကြီး​တွေက ဒီလို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ကုသိုလ်ထူး​တွေများ​ လုပ်ကြဦး​မလား​ဆိုတဲ့​ ​မျှော်လင့်​ချက်​လေး​နဲ့​ ဦး​ဇင်း​ တ​ပေါင်း​လပြည့်​နေ့​ကို ​စောင့်​ပါဦး​မယ်။ တ​ပေါင်း​လပြည့်​ကျော်လို့​မှ လွတ်ငြိမ်း​ချမ်း​သာဖို့​ အစီအစဉ် မရှိဘူး​ဆိုရင် ပြန်မလွတ်​သေး​တဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေရဲ့​ မိသား​စု​တွေနဲ့​ လွတ်​မြောက်လာတဲ့​ ယုံကြည်ချက် အကျဉ်း​သား​ဟောင်း​တွေ ​ပေါင်း​ပြီး​တော့​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​၊​ သိမ်သိမ်​မွေ့​မွေ့​၊​ ညင်ညင်သာသာနဲ့​ ​အေး​အေး​ဆေး​ဆေး​ ဖြစ်သွား​အောင် ဝတ်ပြု၊​ ပရိတ်ရွတ်၊​ ဆန္ဒပြု၊​ ဆု​တောင်း​ပွဲ​လေး​က စမှာပါပဲ။”

အရှင်ဝီရသူ မစိုး​ရိမ် ဆရာ​တော်ဟာ မြစ်ကြီး​နား​ထောင်က​နေ ပြန်လည် လွတ်​မြောက်လာစကလည်း​ အကျဉ်း​ကျခံ​နေရတဲ့​ ရဟန်း​သံယာ​တော်​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ တ​ယောက်မကျန်ပြန်လွှတ်ဖို့​နဲ့​ ရဟန်း​သံယာ​တော်​တွေ အကျဉ်း​ကျ​နေစဉ် သင်္ကန်း​ဝတ်ဆင်ခွင့်​ရရှိဖို့​ အဖြူ​ရောင် သင်္ကန်း​ကို ဝတ်ဆင်​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။

ဆရာ​တော်ဟာ ​ထေရဝါဒတိုက်ပွဲ (သို့​) ​ထေရဝါဒဒို့​တိုင်း​ပြည်နဲ့​ ပရိယတ္တိ​ရွှေချိန်ခွင် စာအုပ်​တွေကို ပြုစု​ရေး​သား​ခဲ့​တဲ့​ပြီး​။ အမျိုး​ဂုဏ်၊​ ဇာတိဂုဏ်မြှင့်​တင်​ရေး​ တရား​တွေကို ​ဟောကြား​ထုတ်​ဝေခဲ့​ပါတယ်။

ဒါ့​အပြင် ဆရာ​တော်ဟာ ဖမ်း​ဆီး​မခံရခင်မှာ ဓမစရိယသင်တန်း​တွေ၊​ ဗုဒ္ဓဘာသာယဉ်​ကျေး​မှု သင်တန်း​တွေ ဖွင့်​လှစ်ခဲ့​သလို ​သွေး​လှူဘဏ်နဲ့​ စာကြည့်​တိုက်စတဲ့​ လူမှု​ရေး​လုပ်ငန်း​တွေကိုလည်း​ လုပ်ကိုင်ခဲ့​ပါတယ်။

၂၀၀၃ ခုနှစ်မှာ​တော့​ ဆရာ​တော်ကို စစ်အစိုး​ရက ဖမ်း​ဆီး​ခဲ့​ပြီး​ ​ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့​တာပါ။ အကျဉ်း​ကျခံ​နေရစဉ် ၂၀၁၁ ခုနှစ်မှာ​တော့​ ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​တွေ စု​ပေါင်း​ပြီး​ အညတရသူရဲ​ကောင်း​ဆု ဆရာ​တော်ကို ချီး​မြှင့်​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013