DVB Logo
Home
Lead Story
ဘဝတက်လမ်းရှာကြမည့် အမျိုးသမီးများအတွက် ကြည်ကြည်ရဲ့အိမ် (ရုပ်သံ)
DVB
·
July 10, 2017
ဘဝတက်လမ်းရှာကြမည့် အမျိုးသမီးများအတွက် ကြည်ကြည်ရဲ့အိမ် (ရုပ်သံ)
Donate to DVB



မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ပေါများတဲ့ ရန်ကုန်မြို့ကို အနယ်နယ်အရပ်ရပ်က ပြောင်းရွှေ့လာကြတဲ့သူတွေက မနည်းလှတဲ့ပမာဏ ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေလည်း အများအပြား ပါဝင်ပါတယ်။ အဲဒီလို အမျိုးသမီးတွေကို တဘက်တလမ်းက ကူညီပေးနေတဲ့ လူငယ်အမျိုးသမီး လုပ်ငန်းရှင်တဦး ရှိပါတယ်။

အထည်ချုပ်လုပ်သားအနေနဲ့ ထိုင်းနိုင်ငံမှာ ၆ နှစ်လောက် နေထိုင်လုပ်ကိုင်ခဲ့တဲ့ မဝင်းဝင်းတယောက် အခုအချိန်မှာတော့ မြောက်ဒဂုံမှာရှိတဲ့ ‘ကြည်ကြည်ရဲ့အိမ်’ လို့ ခေါ်တဲ့ အမျိုးသမီးအဆောင်တခုမှာ ထမင်းချက်အဖြစ် ၆ နှစ်အရွယ် သူ့ရဲ့သားဖြစ်သူနဲ့ နေထိုင် လုပ်ကိုင်နေပါတယ်။

“ထိုင်းနိုင်ငံမှာ ကျမ နေတုန်းက တိုးတက်မှုသိပ်မရှိဘူးရှင့်။ အလုပ်ရှင်တွေက ကလေးအမေ ဖြစ်တဲ့အတွက် သိပ်မကြိုက်ဘူး။ အဲဒီအခါကျတော့ စုမိဆောင်းမိ မရှိတော့ ကျမ အွန်လိုင်းပေါ်ကနေပြီးတော့ Kyi Kyi’s House က အလုပ်ခေါ်တာကို တွေ့တဲ့အခါကျတော့ ကျမ လျှောက်ကြည့်မယ်လေ။ သူက ကလေးအမေတွေဆို ကူညီတယ်၊ စောင့်ရှောက်တယ်ဆိုပြီးတော့လေ သိရတော့လေ။ ကျမ အင်တာလာဗျူးကြည့်တဲ့အခါကျတော့ ကျမကို ခေါ်တယ်ရှင့်။ အလုပ်ခန့်တယ်ပေါ့နော်။ ကျမ ကလေးကို ဒီမှာ ကျောင်းထားဖို့အတွက်လည်း အဆင်ပြေသွားတယ်။ ကျမအတွက်လည်း ချက်ပြုတ်ရင်းနဲ့ ကိုယ့်တာဝန်ကျေအောင် လုပ်ရင်းနဲ့ ကျောင်းသွားပို့ပေးလို့ရတယ်။ ညနေကျရင် ကျောင်းသွားကြိုခွင့်ရှိတယ်။ အဲဒီလိုမျိုး လုပ်ကြတော့ ကျမအတွက်တော့ ရှားရှားပါးပါးပဲ။”

မဝင်းဝင်း အလုပ်လုပ်နေတဲ့ ‘ကြည်ကြည့်ရဲ့အိမ်’ လို့ခေါ်တဲ့ အမျိုးသမီးအဆောင်ကို မကြည်ကြည်ဝင်းရွှေ ဆိုတဲ့ လူငယ်အမျိုးသမီး လုပ်ငန်းရှင်တဦးက တည်ထောင်ထားတာပါ။

“၂၀၁၆ မှာပေါ့။ အမက အမျိုးသမီးတွေအတွက် တခုခုလုပ်မယ်။ ဒါပေမယ့် နိုင်ငံတကာက လုပ်တဲ့ဟာအတိုင်း ဆိုပေမယ့်လည်း မြန်မာရဲ့အနေအထားနဲ့၊ မြန်မာနိုင်ငံ ခွင့်ပြုထားတဲ့ ပုံစံထဲမှာ ဘယ်ပုံစံနဲ့ လုပ်ရင်ကောင်းမလဲ ဆိုတော့ နယ်ကနေ လာပြီးတော့ ရန်ကုန်မှာ ကိုယ့်ဘဝတက်လမ်းရှာမယ့် မိန်းကလေးတွေအတွက် အဆောင်လုပ်ငန်းကနေ စမယ်ဆိုတဲ့ ပုံစံမျိုးလေးပေါ့။ အဲဒါကို ၂၀၁၆ ခုနှစ်ကနေ ဒီလို အဆောင်လေးတွေ လုပ်ကြမယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ကနေပဲ အမ ရေးဖြစ်တယ်။ ရေးတဲ့အခါမှာ အမျိုးသမီးတွေက အရမ်းကို ဒါတွေ လိုအပ်နေပါတယ်ဆိုတဲ့ တိုက်တွန်းတဲ့ အားပေးတာတွေ ရလာတယ်။ ရလာရင်းနဲ့ ၂၀၁၇ ဧပြီမှာ တကယ့်ကိုပဲ ‘ကြည်ကြည်ရဲ့အိမ်’ လို့ နာမည်ပေးပြီး အမျိုးသမီးအဆောင်လေးတခုကို စလုပ်ဖြစ်ခဲ့ပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013