DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးတပ်​ဖွဲ့ဝင်​များကို တိုက်ခိုက်သည့် အကြမ်းဖက်သမား ၂ ဦး အသေဖမ်းမိ
DVB
·
July 10, 2017
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ လက်နက်ကိုင်အကြမ်းဖက်သမား ၂ ဦးကို အသေ၊ ၁ ဦးကို အရှင် ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး နှောင့်ယှက်ဟန့်တားသူ ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၉ ရက်မနက်က ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စု အနီးတဝိုက် ကင်းလှည့်ဆောင်ရွက်ရာမှာ တင်းမေကျေးရွာ ရောက်ရှိစဉ် ဖွေယော့အစ္စ္စလာမ်ရဲ့ နေအိမ်အတွင်းမှ လက်နက်ငယ်နဲ့ အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်ခဲ့လို့  ပြန်လည်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိ အကြမ်းဖက်သမားတွေက မိုင်း ၁ လုံးဖောက်ခွဲပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်အတွင်းမှ ပြေးထွက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်သမား ၃ ကို ဖမ်းဆီးပစ်ခတ်ခဲ့ရာမှာ လက်နက်ကိုင် အကြမ်းဖက်သမားအလောင်း ၂ လောင်း၊ အရှင်မိ အကြမ်းဖက်သမား ဖွေယော့အစ္စ္စလာမ်တို့ကို ဖမ်းဆီးရမိခဲ့တဲ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နှောင့်ယှက်ဟန့်တားသူ ဇာဘဲရ် ၇၀နှစ် (ဘ) ဆော်လီအာမက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနေအိမ်မှာ မီးလောင်ကျွမ်းထားတဲ့ ဘီအေ ၉၄ ၁ လက်၊ ကျည်အိမ် ၂ ခု၊ ဘီအေ ၉၄ ကျည်ခွံ ၆ တောင့်၊ လုပ်သေနတ် ၁ လက်၊ ရီမုမိုင်း ၁ လုံး၊ လက်လုပ်မိုင်း ကိရိယာတွေနဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေနဲ့ ဆက်သွယ်ရေးပစ္စည်းစတာတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ပြန်လည်သိမ်းဆည်းရမိခဲ့တဲ့ ဘီအေ ၉၄ သေနတ် ၁ လက်ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က ကျီးကန်ပြင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါသွားတဲ့ လက်နက်ဖြစ်တယ်လို့လည်း  အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - State Counsellor Office Information Committee

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013