DVB Logo
Home
မြန်မာသတင်း
ဘီးလင်းရှိ ​ရေပြာအိုင်အတွင်း ​ရေကူးကစားခြင်းကို တားမြစ်​မှုများ ပြုလုပ်
DVB
·
July 10, 2017
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ ကျောက်မိုင်းဟောင်းတွေ နေရာရှိ ရေပြာအိုင်ထဲမှာ ရေလာရောက်ကစားခြင်းကို ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီး တားမြစ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ကိုဦးက “ဒီနေရာက အရင်ကဆိုရင် ကျောက်မိုင်းတွေ လုပ်နေလို့ ဘယ်သူမှတောင် မသိပါဘူး။ ဒီနှစ်ကျမှ လာပြီး ရေလာကူးကြတာပါ။ လပြည့်နေ့ကတည်းက လာဆော့ကြတာ။ တချို့နေရာတွေက ပေ ၂၀၊ ပေ ၃၀ လောက်နက်ပြီး အောက်မှာလည်း ကျောက်စွန်းတွေက ရှိနေတယ်။ မနေ့ကလည်း ကျောက်စွန်းတွေနဲ့ထိပြီး ခြေထောက်ကွဲတဲ့သူတွေလည်း ရှိတယ်။ အဓိကကတော့ အသက်အန္တရာယ်ရှိနိုင်လို့ တားမြစ်ထားတာပါ။ ဒါကလည်း တအားနက်တဲ့နေရာကို ကြိုးတားထားပြီး ရေတိမ်ပိုင်းတွေကိုတော့ ခွင့်ပြုထားပေးထားပါတယ်” လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ ကျောက်မိုင်းဟောင်းတွေ နေရာဟာ ၂၀၁၅ ခုနှစ်က ကျောက်ကျင်းပေါင်း ၁၅၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး ၂၀၁၆ ခုနှစ်က ကျောက်ကျင်းပေါင်း ၆၀ ကျော် ပြိုကျပျက်စီးခဲ့တာနဲ့ အခုနှစ်မှာ ကျောက်ပြိုကျမှုမရှိသေးဘဲ အဲဒီကျောက်ဆောင်အောက်တွေမှာ ဓာတ်ပုံရိုက်တာတွေ ပြုလုပ်နေကြတာကြောင့် အခုနှစ် မိုးရာသီကာလအတွင်း အဝင်ခြံစည်းရိုး တံခါးကို ပိတ်သွားမယ်လို့ သိရပါတယ်။

ရေပြာအိုင်ကို လာရောက်ရေကစားသူတွေရဲ့ လုံခြုံရေးအတွက် အန္တရာယ်ဖြစ်ပွားမှု မရှိစေဖို့အတွက် ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းကစတင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေး ရပ်မိရပ်ဖတွေနဲ့ လူမူကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013