DVB Logo
Home
မြန်မာသတင်း
မြန်မာ့မြင်းစီးအဖွဲ့ချုပ်၊ ဥက္ကံမြင်းစီးကလပ်အသင်းနှင့် မြင်းဝါသနာရှင်များ တွေ့ဆုံပွဲပြုလုပ်
DVB
·
July 9, 2017
မြန်မာ့မြင်းစီးအဖွဲ့ချုပ်၊ ဥက္ကံမြင်းစီးကလပ်အသင်းနှင့် မြင်းဝါသနာရှင်များ တွေ့ဆုံပွဲပြုလုပ်
1 / 5
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဥက္ကံဟိုတယ်မှ ဦးစီးပြီး မြန်မာ့မြင်းစီးအဖွဲ့ချုပ်၊ ဥက္ကံမြင်းစီးကလပ်သအင်းနှင့် မြင်းဝါသနာရှင်တွေ ဒီနေ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ တယ်လို့ ဥက္ကံဟိုတယ်မှ ကလပ်အသင်းဦးဆောင်သူ ဒေါ်ခင်မမက ပြောပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌဦးအေးချို၊ ဦးသန်းဝင်းနဲ့ တာဝန်ရှိ သူတွေ၊ အောက်မြန်မာပြည် မြင်းစီးအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးဝင်းအောင်၊ အရိန္ဒမာ မြင်းစီးခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဒေါ်အေးသီတာမိုးနဲ့ တိုက်ကြီးမြို့နယ် အတွင်း မြင်းစီးဝါသနာရှင်များ အင်အား ၁၀၀ ကျော် တတ်ရောက်ခဲ့ပါတယ်။

“ကျမတို့ ဥက္ကံဟိုတယ်က မြင်းစီးကလပ်အတွက် ၁၀ ဧကရှိ မြင်းစီးကွင်း တည်ဆောက်နေပါပြီ။ မြင်းစီးဝါသနာရှင်တွေကို နိုင်ငံတကာအဆင့်မီ မြင်းစီးနည်းစနစ်တွေ သင်ပေးမှာပါ။ ကျမတို့ မြင်းစီးကလပ်ကို တိုက်ကြီးမြို့နယ်အတွင်း မြင်းစီးဝါသနာရှင်တွေ သာမကပါဘူး ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်များမှ မြင်းစီးဝါသနာရှင်တွေ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်အထိ မြင်းစီဝါသနာရှင်တွေပါ ဥက္ကံမြင်းစီးကလပ်သို့အသင်းဝင်အင်အား ၂၀၀ ရှိနေပြီ ဖြစ်တယ်”လို့ ဥက္ကံ မြင်းစီးကလပ်အသင်း ဦးဆောင်သူ ဒေါ်ခင်မမ က ပြောပါတယ်။

မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည် နှစ်ရပ်ပေါင်း ၁၅ ခု သာရှိပြီး မြန်မာပြည်မှာ မြင်းပြိုင်ပွဲတွေ၊ မြင်းစီးအလှ ပြိုင်ပွဲတွေ၊ မြင်းစီးစွမ်းရည်ပြပွဲတွေ ပျောက်ကွယ်မှု ရှိလာတာကို ပြန်လည် ဖော်ထုတ်ဖို့ ကလပ်တွေနဲ့ ပြန်လည်ဖော်ထုတ်ရေးတို့ အတွက် ပထမအကြိမ်ခြေလှမ်းအဖြစ် စတင်တာလို့ ဆိုပါတယ်။

ဒေသအလိုက် မြင်စီးဝါသနာရှင်တွေကို နိုင်ငံအဆင့်မီ မြင်းစီးပညာနည်းစနစ်တွေ၊ မြင်းတစ်ကောင်ကို ကျန်းမာရေးကောင်းမွန်ပြီး သန်းစွမ်းအောင်ထိန်းသိမ်းမှုနည်းစနစ်တွေကို သင်ကြားပေးမယ်လို့ မြန်မာနိုင်ငံမြင်းစီးအဖွဲချုပ် အောက်မြန်မာပြည် အထွေထွေ အတွင်းရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

သတင်း - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013