DVB Logo
Home
မြန်မာသတင်း
စစ်တွေခရိုင်တွင် ၇ လအတွင်း မူးယစ်ဆေးဝါးတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော် ဖမ်းမိ
DVB
·
July 9, 2017
စစ်တွေခရိုင်တွင် ၇ လအတွင်း မူးယစ်ဆေးဝါးတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော် ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီကနေ ဇူလိုင် ၇ ရက်နေ့အထိ စိတ်ကြွမူးယစ်ဆေးဝါး အမှုပေါင်း ၃၅ မှု၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁ သောင်းကျော်ဖိုး ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်တွေခရိုင် ရဲမှူး ဦးဝင်းနောင်က ဒီဗွီဘီကိုပြောပါတယ်။

“၂၀၁၇ ခုနှစ်အစကပိုင်းနေပြီးတော့ အခုချိန်ထိပေါင်း WY စိတ်ကြွဆေးပြားအမှု၂၇ မှု ဆေးပြားအရေအတွက်ကတော့ ၃၇ သိန်းကျော်သွားပြီခင်ဗျ။ ဆေးပြားတခုတည်းမှာ ကျပ်သိန်း ပေါင်း ၁ သောင်း ၁ ထောင်ကျော်တယ်။ အဲ့ဒါ အင်မတန်များပြားတဲ့ ပမာဏပဲ။ အမှု အရေအတွက်ထက်စာလို့ ရှိရင် ဖမ်းဆီးရရှိတဲ့ဆေးပြားအရေအတွက် တအားများပါတယ်။ ဒါဘာကြောင့် အဲ့လောက်များလဲဆိုတော့ ရေချမ်းပြင်ဆိပ်ကမ်းမှာ လွန်ခဲ့တဲ့လကပဲ ဖမ်းဆီး ရရှိခဲ့တဲ့ WY ဆေးပြားတမှုတည်းမှာပဲ WY ဆေးပြား ၃၄ သိန်းပြားရှိပါတယ်။"

WY စိတ်ကြွဆေးပြားအမှုပေါင်း ၂၇ မှု၊ ဆေးပြားအရေအတွက် ၃၇၅၉၇၉၁ သုံးသန်းကျော်၊ ဆေးခြောက်အမှုပေါင်း ၆ မှု၊ အရေအတွက် ၄၀၄၂၁.၆၁ ဂရမ်၊ ကာလတန်ဖိုးကျပ် ၄၀၄၂၁ ၆၄၀ ဆေးပြားသန်း ၄၀ ကျော်၊ BUPRE NORPHINE ၂ မှု၊ အရေအတွက် ၉၅၃ ပုလင်း ကာလတန်ဖိုးကျပ် ၃၃၃၅၅၀၀၊ ဆေးပြား ၃ သန်းကျော်တွေကို ဖမ်းဆီးရရှိခဲ့ပါတယ်။

အခု ဖမ်းဆီးရရှိခဲ့မှုယစ်ဆေးဝါးတွေဟာ စစ်တွေမြို့က အများဆုံးဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ဖက်ကဝင် လာတာရှိသလို အခြားနေရာတွေကလည်း ဝင်လာတာများပြားနေတာကြောင့် စစ်တွေမြို့ အခုအများဆုံးဖမ်းဆီးရှိတာလို့ ရဲမှူးက ဆိုပါတယ်။

“ကျနော်တို့ စစ်တွေခရိုင်တခုအတွက် ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကတော့ စစ်တွေမြို့ပေါ်မှာပဲ များပါတယ်။ ဝင်ရောက်လာတဲ့လမ်းကြောင်းကလည်း စစ်တွေကပဲ များပါတယ်။ စစ်တွေကနေ တဆင့် ထွက်မယ့်ဟာတွေကတော့ မောင်တော အဲ့ဒီကနေတဆင့် ဘင်္ဂလားဒေ့င်္ချသွားမှာ ဖြစ်တာကြောင့် ဝင်လာရင်တောင် စစ်တွေဖြစ်တယ်။ ထွက်လာရင်လဲ စစ်တွေဖြစ်နေတာကိုး၊ အဲ့ဒါကြောင့် ဆေးပြားအရေအတွက် ဖမ်းမိတာကိုး။”

ရခိုင်ပြည်နယ်မှာ စိတ်ကြွဆေးပြားဖမ်းဆီးရရှိမှုဟာ၂၀၁၀ ခုနှစ်မှာ ၂၁ မှု၊ ၂၀၁၁ နဲ့ ၁၂ ခုနှစ်မှာ ၁၈ မှု၊ ၂၀၁၃မှာ ၄၉ မှု၊ ၂၀၁၄ မှာ ၅၈ မှု၊ ၂၀၁၅ မှာ ၉၁ မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ၄၁ မှုရှိခဲ့တယ်လို့ သိရှိရပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013