DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း မြို့ ၇ မြို့ မြစ်ရေကြီး၊ အိမ်ထောင်စု ၂ ထောင်ကျော် ပြောင်းရွှေ့
DVB
·
July 9, 2017
စစ်ကိုင်းတိုင်းအတွင်း မြို့ ၇ မြို့  မြစ်ရေကြီး၊ အိမ်ထောင်စု ၂ ထောင်ကျော် ပြောင်းရွှေ့
1 / 7
Donate to DVB

 

စစ်ကိုင်းတိုင်းထဲက မြို့ ၇ မြို့မှာ ချင်းတွင်းမြစ်ရေကြီးလို့ လူတွေ ရွှေ့ပြောင်းနေရတယ်လို့ တိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မုံရွာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေက အိမ်ထောင်စုပေါင်း ၂ ထောင်ကျော် ပြောင်းရွှေ့ခဲ့ရတာပါ။

“ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်နဲ့ မော်လိုက်တို့မှာတော့ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားရတယ်။ သူတို့တွေကို ၇ ရက်စာ ဆန်အတွက် ငွေကြေးထောက်ပံ့ပေးထားတယ်။ မုံရွာမှာတော့ မနက်ဖြန် ပေးမယ်” လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး ဦးဝီလီဖရန့်က ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး စစ်ကိုင်းတိုင်းထဲမှာ ရေကြီးတာတွေ  ဖြစ်နေခဲ့တာပါ။ ဒီနေ့အထိကတော့ မြစ်ရေကြီးတာက လျော့သွားတာ မရှိသေးဘူးလို့ သိရပါတယ်။ “ခန္တီးမှာက မနေ့က ရေကျသွားပြီး ဒီနေ့ ပြန်တက်လာတယ်” လို့ ဦးဝီလီဖရန့်က ပြောပါတယ်။

“အခုပဲ ရွာတွေကို ထောက်ပံ့ရေး ပစ္စည်းသွားပေးနေတာပါ။ ညောင်ဖြူကန်နဲ့ နောက်တရွာက ရေဝင်တဲ့ အိမ် ၁၆၀ လောက်ကိုတော့ ရွှေ့ပေးထားတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ဒေသခံတွေက ပြောပါတယ်” စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။

ရေကြီးတာကြောင့် ကျောင်းတချို့ကိုလည်း ပိတ်ထားရပါတယ်။

နောက်ဆုံး စုံစမ်းသိရသလောက်ကတော့ ကနီမြို့မှာလည်း ရေတက်လာနေတယ်လို့ သိရပါတယ်။

သတင်း - ပိုင်စိုး

ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013