DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် ညောင်တန်းကျေးရွာ မူလတန်းကျောင်း မလုံခြုံမှုကြောင့် အခက်ကြုံ
DVB
·
July 9, 2017
ယင်းမာပင် ညောင်တန်းကျေးရွာ မူလတန်းကျောင်း မလုံခြုံမှုကြောင့် အခက်ကြုံ
Donate to DVB

 

ယင်းမာပင်မြို့နယ် ညောင်တန်းကျေးရွာ မူလတန်းကျောင်းဆောင်တွေ မလုံခြုံမှုကြောင့် ကျောင်းနေကလေးများနဲ့ဆရာ/ဆရာမ တွေ အခက်အခဲ ဖြစ်နေကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရုံင် ယင်းမာပင်မြို့နယ် ညောင်တန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာရှိတဲ့ စာသင်ဆောင်တွေ လုံခြုံမှုမရှိတာကြောင့် စာသင်မှုအပိုင်းရော ကျန်းမာရေးအပိုင်းများပါ အခက်ခဲများနဲ့ရင်ဆိုင်နေရတာပါ။

ညောင်တန်းကျေးရွာမှာ အိမ်ထောင်စု (၁၂၀) ရှိပြီး လူဦးရေ (၆၀၀) လောက်ရှိတဲ့ ကျေးရွာလေးဖြစ်ပြီး KG တန်းကနေ စတုတ္ထတန်းအထိ ကျောင်းသားဦးရေ ၄၈ ယောက် ပညာသင်ကြားလျှက်ရှိပါတယ်။

မူလတန်းကျောင်းကို ၂၀၁၄-၁၅ ပညာသင်နှစ်ကတည်းက ရရှိခဲ့တာစ်ြပြီး စာသင်ကျောင်းဆောင်ရရှိရေးကို ၃ နှစ်ဆက်တိုက် စာတင်တောင်းခဲ့ပေမယ့် လက်ရှိအချိန်ထိ မရရှိသေးပါဘူး။ အခုသင်ကြားနေတဲ့ ကျောင်းဆောင်တွေကလည်း မိဘပြည်သူ ထည့်ဝင်ငွေနဲ့ တည်ဆောက်ထားတဲ့ (၁၂၀×၃၀) ပေရှိ မတ်မိုးအဆင့်သာရှိတဲ့ အဆောင်နဲ့ (၆၀×၃၀) ပေရှိ ထန်းရွက်မိုးအဆောင် တွေဖြစ်ပြီး နှစ်ဆောင်စလုံးမှာ အကာအကွယ်မယ့်တွေဖြစ်ပါတယ်။

လက်ရှိကျောင်းဆောင်တွေဟာ လုံခြုံမှုမရှိတာကြောင့် ရာသီဥတုရဲ့ဒဏ်ကို ကလေးများနဲ့ဆရာ/ဆရာမတွေ နှစ်စဉ်ခံစားနေကြရပြီး မိုးရွာရင် ကျောင်းပိတ်ရတဲ့အဆင့်ထိ ဖြစ်ခဲ့ရကြောင်း ကျောင်းအုပ်ဆရာက ပြောပါတယ်။

ကျောင်းဆောင်ပြုပြင်ဖို့ ကျောင်းတာဝန်ရှိသူတွေက ၃ နှစ်ဆက်တိုက်တောင်းခံတာ မရရှိတာနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံးကို မေးမြန်းရာ ပညာရေးမှူး ဦးတင်ထွန်းက စာတင်ထားတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဝင်းက “ဒီမှာ လေတိုက်တာတို့ မိုးရွာတာတို့ ဒီလိုတစ်စုံတစ်ခုဖြစ်လာရင် ကျောင်းကနားပြီး ပိတ်ပေးရတာတို့ ရှိတာပေါ့။ မိုးတအားသည်းလာရင် ကလေးတွေအတွက် စာသင်လို့ လုံးဝမဖြစ်နိုင်တော့ဘူး။ နောက်တခု ကျနော်ဖြစ်ချင်တာကတော့ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ကလေးတွေ နေ့တိုင်း လေတိုက်တာတို့ မိုးရွာ မိုးပက်တာတို့ခံစားရတဲ့အခါ ကျန်းမာရေးအတွက် အမျိုးမျိုး ဖျားနာတာတွေ ရောဂါတွေဖြစ်နိုင်တာပေါ့။ ဆရာ ဆရာမတွေအနေနဲ့နေထိုင်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ကျနော်အနေနဲ့ဖြစ်ချင်တာကတော့ နှစ်တိုင်း တင်တော့ တင်ခဲ့တာပေါ့၊ ကျောင်းဆောင်ကို ၃ နှစ်လောက်တော့ ရှိသွားပြီပေါ့ ။ဒီနှစ်တော့ ရုံးကတော့ပြောပါတယ် အပြီးသတ်စရိတ်ပါမယ်လို့တော့ ပြောပါတယ်။ ဒါကြောင့်မို့ ဒီနှစ်တော့ပါနိုင်အောင်တော့ တတ်နိုင်တဲ့ လူကြီးတွေအနေနဲ့ ပိုပြီးတော့ အားသွန်ခွန်စိုက်လေး ကြိုးစားပေးပါ”လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်အေးက “ကျနော်တို့အဓိကတောင်းဆိုချင်တာကတော့ အတန်းကျောင်းမှာ အကာအရံမရှိသည့်အတွက် ကလေးတွေ ဆရာ ဆရာမတွေ လုံးဝအနေအထိုင် အခက်အခဲဖြစ်နေတဲ့အတွက် တောင်းဆိုထားတဲ့ငွေကို အမြန်ဆုံး ကျစေချင်တာပေါ့။ ဒီလိုကျမှလည်း ဒီကျောင်းမှာ ကလေးတွေလည်း လုံလုံခြုံခြုံနဲ့နေရမယ်၊ ဆရာ ဆရာမတွေလည်းကောင်းကောင်းမွန်မွန်နေနိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဌေးလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013