ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းဖွင့်ပွဲအခမ်းအနား ၀န်ကြီးချုပ်တက်ရောက်
DVB
·
July 9, 2017

1 / 6
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကောလိပ် အတွင်းက သိပ္ပံဆောင်အနီးမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တတ်ရောက်ခဲ့ပါတယ်။
“ကျောင်းသားသမဂ္ဂတွေရဲ့ အရေးပါပုံနဲ့ သမဂ္ဂအဖွဲ့အစည်းတွေက အတူပူးပေါင်းကာ ညီညီညွတ်ညွတ်ဆောင်ရွက်ဖို့လိုအပ်ပြီး ကျောင်းသားသမဂ္ဂဟာ ဘယ်တုန်းကမှ မတရားအသင်းတခု မဟုတ်ခဲ့ဘူး”လို့ အဖွင့်အမှာစကားထည့်သွင်းပြောကြားခဲ့ပါတယ်။











