
တာချီလိတ်ခရိုင်အတွင်းက တာလေမြို့နဲ့ ကျိုက်လပ်မြို့နှစ်မြို့အကြား ၀မ်လန်းကျေးရွာအနီး မနေ့ညက ဇူလိုင် ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် လမ်းပိုင်းတစ်ချက်ပျက်စီးပြီး တံတားတစင်း ပျိုကျမှု ဖြစ်ပွားတာကြောင့် လမ်းပိတ်ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
"မနေ့ညက မိုးတအားရွာတာနဲ့ ရေကြီးပြီးလမ်းပျက်သွားတယ်၊ နောက်တစ်ခု တံတားက မြေကျွံကျသွားတာ၊ ဒါကြောင့် အခု မနက်ပိုင်း ကားတွေ ဆိုင်ကယ်တွေ သွားလို့ မရဘူးဖြစ်နေတာပါ။ တခြား လူတွေထိခိုက်တာ အိမ်တွေ ထိခိုက်တာတော့မရှိဘူး။ လမ်းဘေးက လယ်တွေတော့ ပျက်ကုန်တယ်" လို့ တာလေမြို့ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန့်ဇင်လတ်က ပြောသည်။
တံတားပျက်စီးမှုကို သက်ဆိုင်ရာမှ လာရောက်ပြင်ဆင်နေလျှက်ရှိပြီး ညနေ ၃ နာရီခန့်လောက်က ပြင်ဆင်မှုပြီးမယ်လို့ ပြောကြောင်း အခုလက်ရှိ ယာဉ်သွားလာမှုတွေကို ရပ်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
ကျိုက်လပ်မြို့သွားလမ်းမှာ လာအိုနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ အမှတ်(၃) အာရှလမ်းမကြီးဖြစ်ပြီး ၂၀၁၅ ခုနှစ်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းတွေ ပျက်စီးပြီး နေအိမ်တွေ ရေနစ်မြုပ်ခဲ့ကာ လူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း - ကိုဇက် (တာချီလိတ်)











