DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ပြောက်ကျားဝတ်စုံဖြင့် လက်နက်ပြ ခြိမ်းခြောက် ငွေတောင်းယူ
DVB
·
July 9, 2017
ရေးမြို့တွင် ပြောက်ကျားဝတ်စုံဖြင့် လက်နက်ပြ ခြိမ်းခြောက် ငွေတောင်းယူ
Donate to DVB

 

မွန်ပြည်နယ်၊ ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု အဘော်ကျေးရွာနဲ့ ရွှေပြည်သာ ကျေးရွာအကြား ဖားဂလဲ့ကွင်း ရာဘာခြံမှာ ဇူလိုင် ၉ ရက်နေ့ မနက် ၉ နာရီ ၅၀ မိနစ်က လက်နက်ပြခြိမ်းခြောက် ငွေတောင်းယူမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။

ဇူလိုင် ၉ ရက်နေ့ မနက်၂ နာရီခွဲလောက်မှာ ရာဘာခြံစောင့်ဖြစ်သူ ဦးမောင်ထူးက မိသားစုတွေနဲ့အတူ အိပ်ပျော်နေစဉ် သေနတ်တို ကိုင်ဆောင်လာတဲ့ အမည်မသိလူ ၂ ဦးအနက်တဦးက ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ပိန်ပိန် အသားညို အရပ်ပုပုနဲ့ မျက်နှာကို ပုဆိုးဖုံးကွယ်ထားကာ လက်နက်ပြ ခြိမ်းခြောက်ငွေ ၁ သိန်း ၆ သောင်းနဲ့ ဖုန်း ၁ လုံးပါ ယူဆောင်ခဲ့ကြောင်း ရေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး စိုးမွန်ကပြောပါတယ်။

ရာဘာခြံစောင့် ဦးမောင်ထူးက တရားလိုပြုလုပ်ပြီး ရေးမြို့မရဲစခန်းက အမည်မသိ လူ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ ဇူလိုင် ၉ ရက်နေ့ မနက်က အမှုဖွင့်အရေး ယူထားရှိပြီး နယ်မြေခံတပ်ရင်းတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်အတွင်းမှာလည်း ရေးမြို့နယ်အဘော်ကျေးရွာအုပ်စု ဝဲရက်ကွင်းရာဘာခြံအတွင်းမှာ အမည်မသိလူ ၂ ဦး လက်နက်ပြ ငွေခြိမ်းခြောက်မှု ၂ ကြိမ်ဆက် တိုက် ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013