DVB Logo
Home
မြန်မာသတင်း
ကင်းတားဆည်အတွင်း ရေနစ်ပျောက်ဆုံးသည့် အမျိုးသားအလောင်း ပြန်တွေ့
DVB
·
July 9, 2017
ကင်းတားဆည်အတွင်း ရေနစ်ပျောက်ဆုံးသည့် အမျိုးသားအလောင်း ပြန်တွေ့
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာ ကင်းတားဆည် အမှတ်(၁၆) မြောင်းမကြီးအတွင်း ရေနစ် ပျောက်ဆုံးနေတဲ့ အလောင်းကို ဇူလိုင် ၈ ရက် မနက် ၁၀ နာရီမှာ တွေ့ရှိပြီလို့ ရွှေတောင် ရွာရဲစခန်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်၂၉ စမုံစိုက်ကွင်းအနီး ကင်းတားဆည် ရေမြောင်းမကြီးအတွင်း ဇူလိုင် ၆ ရက် မနက် ၁၁ နာရီခွဲလောက်က လူငယ်နှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ခဲ့တာဖြစ်ပြီး တဦးကိုတော့ အဲဒီအခင်းဖြစ်တဲ့ အချိန်မှာပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူရဲ့အလောင်းကို အခုမှ ဆယ်ယူရရှိခဲ့တာဖြစ်ပါတယ်။

စခန်းမှူးရဲအုပ် ကျော်နိုင်စိုးက “ဇူလိုင်လ ၆ ရက်နေ့က စမုံစိုက်ကွင်းအနီး ကင်းတား ဆည်မြောင်းမကြီးထဲ လူငယ် ၂ ဦး ရေဆင်းချိုးတယ်၊ ရေနစ်ပြီး ပျောက်ဆုံးနေတဲ့ စွန်ချောင်း ရွာက နေလင်းအောင်ဖြစ်တယ်၊ စဖြစ်တဲ့နေရာနဲ့ အခုတွေ့တဲ့နေရာ မိုင် ၁၅ မိုင်လောက် ဝေးမယ်ထင်တယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၇)နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013