DVB Logo
Home
မြန်မာသတင်း
ကလေးတွင် ၁၃ နှစ်ကျောင်းသူ အသတ်ခံရ၊ လူသတ်မုဒိမ်းကျင့်မှု ဟုတ်မဟုတ် စစ်ဆေး
DVB
·
July 9, 2017
ကလေးတွင် ၁၃ နှစ်ကျောင်းသူ အသတ်ခံရ၊ လူသတ်မုဒိမ်းကျင့်မှု ဟုတ်မဟုတ် စစ်ဆေး
Donate to DVB

ကလေးမြို့နဲ့ ကလေးဝမြို့သွားလမ်း ကလေးမြို့အထွက် ၂ ဖာလုံကျော်လမ်းဘေး ကိုင်းတောထဲမှာ ဇူလိုင် ၈ ရက် ညနေပိုင်းက အသတ်ခံထားရတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးရဲ့ အလောင်း တွေ့ရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။

အလောင်းကို မြို့ပြင် အပန်းဖြေလာတဲ့ လူနှစ်ဦးက စတင်တွေ့ခဲ့ရာကနေ သတင်းရခဲ့တာဖြစ်ပြီး သေဆုံးနေသူ အမျိုးသမီးဟာ သတ္တမတန်းကျောင်းသူတဦး ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကို ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအတိုင်း ပြည်သူ့ဆေးရုံကို ဆေးစာနဲ့ အတူ ပေးပို့စစ်ဆေးခဲ့ရာ သေဆုံးသူရဲ့ ရင်ဘတ်အလယ်တည့်တည့်မှာ ထိုးသွင်းဒဏ်ရာတချက်၊ ရင်ညွန့်မှာ ထိုးသွင်းဒဏ်ရာနှစ်ချက်ကို တွေ့ခဲ့ရတဲ့အတွက် ကလေးမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက “မုဒိမ်း ဖြစ်မဖြစ်တော့ လက်ရှိ တရားဝင်ဆေးစာထွက်မှ သိရမယ်။ ဆရာဝန်က သုံးသပ်တာတော့ မုဒိမ်းမှုကျူးလွန်ထားတဲ့ လက္ခဏာ မတွေ့သေးဘူးလို့တော့ သုံးသပ်တယ်။ အပြင်မှာတော့ လူသတ်မုဒိမ်းဖြစ်တာလို့ ဝေဖန်နေတယ်။ မုဒိမ်းဟုတ်မဟုတ် ဆေးစစ်ချက်တော့ မထွက်သေးပါဘူး” လို့ ပြောပါတယ်။

သေဆုံးနေတဲ့ သတ္တမတန်းကျောင်းသူဟာ ပြီးခဲ့တဲ့ ၆ ရက်နေ့ကတည်းက ကျောင်းကနေ အိမ်ပြန်မလာတာကြောင့် ကလေးမြို့မရဲစခန်းမှာ လူပျောက်တိုင်တန်းထားသူဖြစ်ပြီး ၈ ရက်နေ့ညနေမှာ ခုလို စိတ်မကောင်းဖွယ် အဖြစ်ဆိုးနဲ့ ပြန်လည်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

သေဆုံးသူဟာ ကလေးမြို့ ပင်လုံရပ်ကွက် နယ်မြေ (၅) မှာ နေသူဖြစ်ပြီး ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် ကလေးဒေသခံတွေကတော့ သက်ငယ် လူသတ်မုဒိမ်းလို့ သုံးသပ်နေကြပါတယ်။

အလောင်းကို တွေ့ရှိခဲ့ရာမှာတော့ အလောင်းဟာ ပုတ်ပွ အနေအထား ဖြစ်နေတယ်လို့လည်း ရဲစစ်ချက်အရ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013