DVB Logo
Home
မြန်မာသတင်း
မီးဘေးသင့် ကရင်နီဒုက္ဓသည် ၁၅၀ ကျော် အကူအညီလိုအပ်
DVB
·
July 8, 2017
မီးဘေးသင့် ကရင်နီဒုက္ဓသည် ၁၅၀ ကျော် အကူအညီလိုအပ်
1 / 10
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ညက  မီးလောင်မှုဖြစ်ပွားခဲ့တဲ့  ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့နယ် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ မီးဘေးသင့်သူ ၁၅၀ ကျော် အကူအညီလိုအပ်နေပါတယ်။

မီးဘေးသင့်သူတွေဟာ နေအိမ်ရော၊ အိပ်ယာတွေအ၀တ်အစား၊ အိမ်သုံးပရိဘောဂတွေပါ အကုန်မီးထဲပါ သွားတဲ့အတွက် အကူအညီလိုအပ်နေတာလို့ ကရင်နီဒုက္ခသည်ကော်မတီ အတွင်းရေးမှူး (၁) ကိုလွီးစီက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီညက မီးကူးတာတအားမြန်တော့ ဘယ်သူမှ ပစ္စည်းတွေ အ၀တ်အစားတွေ မသယ်လိုက်ရဘူး။ လူက မနည်းထွက်ပြေးရတယ်။ ဒဏ်ရာရတဲ့သူတော့မရှိဘူး။ သူတို့မွေးထားတဲ့ ကြက်တွေ၊ ၀က်တွေလည်း မီးထဲပါသွားတယ်။ စာရင်းအတိအကျ မရသေးဘူးဗျ။ လူတွေကတော့ အ၀တ်တထည်ကိုယ်တစ်ခု ဘဲကျန်တော့ လဲလှယ်ဖို့ အ၀တ်အစားတွေ၊ အိုးခွက်ပန်းကန်၊ စောင်တွေရော၊ အိမ်ပြန်ဆောက်ဖို့ အမိုးအကာတွေလည်း လိုနေတာပေါ့။ လောလောဆယ် နေစရာတော့ ဆွေမျိုးအသိအိမ်တွေမှာ ခနသွား နေကြတယ်။ မယ်ဟောင် ဆောင်မြို့နယ်မှူးရုံးကရော၊ အဲန်ဂျီအိုအဖွဲ့တွေရော စောင်နဲ့  မိုးကာတွေ လာပေးပါတယ်။ ဒါပေမယ့် လူများတော့ မလောက်ဘူး”

အဲဒီညက မီးလောင်ခံရတဲ့ နေအိမ် ၃၀ ကျော်ပြီး မီးကူးမှာစိုးလို့ နောက်ထပ် နေအိမ် ၂၀ ကျော်ဖျက်လိုက်ရ တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရတာလို့ ဆိုပါတယ်။

ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ မှာ ရပ်ကွက်ပေါင်း ၁၇ ခု ၊ အိမ်ခြေ ၂၅၀၀ နီးပါးရှိပြီး လူဦးရေ တသောင်းတထောင်ကျော်ရှိပါတယ်။

အဲဒီစခန်းမှာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ၂၀၁၃ နဲ့ မနှစ် ဧပြီလကလည်း မီးလောင်ခဲ့ပါသေးတယ်။

စခန်းဟာ တောင်စောင်းပေါ်မှာဆောက်ထားပြီး သက်ကယ်မိုး၊ အင်ဖက်မိုး၊ ထရံကာစတဲ့ မီးလောင်လွယ်ပစ္စည်း တွေဖြစ်သလို အိမ်ချင်းနီးကပ်နေကြကြောင်း၊ မီးသတ်ကားဝင်လာဖို့ ခက်ခဲပြီး ရေကလည်းရှားတာကြောင့်  တအိမ်မီးလောင်တာနဲ့ အားလုံးကူးစက်သွားတာ ဖြစ်ကြောင်း။

ဒီတခေါက် မီးလောင်ရတဲ့အကြောင်းရင်းမှာလည်း မီးကြွင်းမီးကျန်ပေါ့ဆမီးလို့ ယူဆရပြီး ဖြစ်ရပ်မှန်ကိုတော့ စုံစမ်းစစ်ဆေးတုန်းပဲလို့  ကိုလွီးစီက ပြောသွားပါတယ်။

မီးဘေးသင့်သူတွေကို ထောက်ပံ့ကူညီလိုပါက ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ကော်မတီ ဖုန်းနံပတ် ၀၈၂ ၂၁၈ ၈၄၀၆၇ ကို ဆက်သွယ်နိုင်ပါတယ်။

ဓာတ်ပုံ- Luzi

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013