DVB Logo
Home
မြန်မာသတင်း
မိုးကောင်းတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် မီးလောင်
DVB
·
July 8, 2017
မိုးကောင်းတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် မီးလောင်
1 / 6
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်မှာ ဖုန်းအားသွင်းရာမှတဆင့် အပူလွန်ကဲပြီး နေအိမ်တလုံးမီးလောင်ကျွမ်းမှု ဇူလိုင် ၇ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်လောက်က ဖြစ်ပွားခဲ့တယ်လို့ မိုးကောင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမြင့်ကြည်က ပြောပါတယ်။

မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်မှာ ကိုတင်ခရဲ့ အိမ်အမှတ်(န/၄၇)အုတ်ညှပ်/သစ်သားကာ၊ သွပ်မိုး(၄x၆)ပင်(၂)ထပ်နေအိမ် အပေါ်ထပ်ဘုရားခန်းအတွင်း ဖုန်းအားသွင်းထားရာက အပူလွန်ကဲပြီး မီးးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်အပေါ်ထပ်ရှိ သစ်သားအကာ၊ မျက်နှာကျက်၊ ပြတင်းတံခါးနဲ့ သွပ်မိုးတို့ကို မီးစွဲလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ် ၃၀၃၇၅၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ မိုးကောင်းမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမြင့်ကြည်က ပြောပါတယ်။

“ကျနော်တို့ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်နေရာကို မိုးကောင်းမီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၇ ဦး အရံ ၃၀ ဦး၊ ပြည်သူ၅၀ ဦးခန့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းက တယ်လီဖုန်း အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မီးအားပေါ့ဆစွာ အသုံးပြုသူ ကိုတင်ခကို မိုးကောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၂၈၅ အရ အရေးယူဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013