DVB Logo
Home
မြန်မာသတင်း
မောင်ဖြစ်သူနှင့်သဘောမတူသဖြင့် အစ်မဖြစ်သူအား ဓားနဲ့ထိုးသတ်သည့် အမျိုးသမီးကို ဖမ်းဆီး
DVB
·
July 8, 2017
မောင်ဖြစ်သူနှင့်သဘောမတူသဖြင့် အစ်မဖြစ်သူအား ဓားနဲ့ထိုးသတ်သည့် အမျိုးသမီးကို ဖမ်းဆီး
Donate to DVB

တာမွေမြို့နယ်က နေအိမ်တလုံးမှာ မောင်ဖြစ်သူနဲ့ သဘောမတူလို့ဆိုပြီး အစ်မဖြစ်သူအား ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်နေ့ ညနေ ၈ နာရီအချိန်လောက်က တာမွေမြို့နယ်နေ မ-----ဟာ နေအိမ်မှာရှိနေစဉ် အစ်မဖြစ်သူ မကေကေအောင်ရဲ့ချစ်သူ မရွှန်းလဲ့ဝေ(ခ) ရကောက်ရောက်ရှိလာပြီး မကေကေအောင်ဟာ သူမရဲ့အိမ်အောက်ထပ်မီးဖိုခန်းမှာ ဓားဒဏ်ရာတွေနဲ့ လဲကျနေလို့ သျှင်ပါကူဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း လာရောက်ပြောပြခဲ့၍ နှစ်ယောက်အတူ ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ်မဖြစ်သူဟာ လည်ပင်းမှာ ၃ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ၀ဲပါးမှာ ၁ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ၀ဲတံတောင်ပွန်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရလို့ အစ်မဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးဖို့ တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၄၅၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် အခင်းဖြစ်နေအိမ်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်တွေ၊ အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်တွေနဲ့ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အမှုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မရွန်းလဲ့ဝေအား စစ်ဆေးမေးမြန်းချက်အရ သူဟာ နေမကောင်း

လို့ နေအိမ်မှာ ရှိနေစဉ် ညနေ ၆ နာရီကျော်အချိန်လောက် မကေကေအောင်က စားစရာတွေနဲ့အတူ နေအိမ်ကိုရောက်ရှိလာပြီး အပေါ်ထပ်မှာ စကားပြောဆိုကာ ပြန်မယ်လို့ ပြောပြီး အောက်ထပ်သို့ဆင်းသွားခဲ့ကြောင်း၊ ခဏအကြာ နေအိမ်ဝရန်တာကနေ အောက်ကိုကြည့်ရှုရာ မကေကေအောင်ရဲ့ မော်တော်ယာဉ်မှာ နေအိမ်ရှေ့မှာ ရှိနေသေးတာကို တွေ့ရလို့ အောက်ထပ်ဆင်းကြည့်ခဲ့ရာ မကေကေအောင်မှာ မီးဖိုခန်းအတွင်း သွေးအိုင်ထဲ မှောက်လျက်အနေအထားနဲ့ လဲကျနေတာကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှာလည်း တအိမ်တည်းအတူနေ ညီမဖြစ်သူ သက်မှူးခင် (ခ) သက်နှင်းအေးကိုလည်း တွေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

သက်မှူးခင် (ခ) သက်နှင်းအေးအား ဆက်လက်စစ်ဆေးရာ သူမဟာ သေဆုံးသူ မကေကေအောင်ရဲ့ မောင်အရင်းဖြစ်သူနဲ့ ချစ်ကြိုက်နေတာကို မခွဲဖို့ မကေကေအောင်အား ပြောဆိုခဲ့ရာ မကေကေအောင်က လက်မခံလို့ စကားများခဲ့ကြပြီး မီးဖိုခန်းအတွင်းမှ ပြန်အထွက်မှာ မကေကေအောင်အား နောက်မှသိုင်းဖက်ကာ အနီးရှိ ဟင်းရွက်လှီးဓားနဲ့ လည်ပင်းအား ထိုးခဲ့တာဖြစ်ကြောင်း၊ ဓားကိုလည်း မီးဖိုခန်းထောင့်မှာ လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်မှူးခင် (ခ) သက်နှင်းအေး ၂၁ နှစ်အား  ဆက်လက်

စစ်ဆေးဆောင်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013