DVB Logo
Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ဖမ်းဆီးရာတွင် ရဲမေတဦး ကတ်ကြေးဖြင့် ထိုးခံရ
DVB
·
July 8, 2017
စိတ်ကြွဆေးပြား ဖမ်းဆီးရာတွင် ရဲမေတဦး ကတ်ကြေးဖြင့် ထိုးခံရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်ရွာမှာ ဇူလိုင် ၇ ရက် မနက် ၁၁ နာရီက စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရာမှာ ရဲမေတဦုး ကတ်ကြေးနဲ့ အထိုးခံရလို့ မိတ္ထီလာဆေးရုံ ပို့လိုက်ရတယ်လို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။

ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအုပ်တင်ထွန်းအောင်က "ဝရမ်းအမှတ် ၄/၂၀၁၇နဲ့ ဦးရဲကြီး (ခ) ကိုရဲ နေအိမ်ကို ရှာဖွေတယ်။ မမျိုးမျိုး ကိုင်ထားတဲ့ ကြွပ်ကြွပ်အိတ်ထဲက စိတ်ကြွဆေးပြား ၂၀၀ တွေ့တယ်။ မမျိုးမျိုးကို ရဲမေ သင်းဆုဆုဝေက လက်ထိတ်ခတ်နေတုန်း အောင်မြင့်ကြည်က ကတ်ကြေးနဲ့ ဝင်ထိုးတယ်။ ရဲမေက လက်နဲ့ကာလိုက်တာ လက်ချောင်းတွေမှာ ပြတ်ရှဒဏ်ရာ ရကုန်တယ်" လို့ ပြောပါတယ်။

ဒုရဲအုပ်လှစိုးမိုးက “ဗွီဒို အပေါ်ဆုံးထပ် အဝတ်တွေ အောက်မှာ ဝှက်ထားတဲ့ ပလတ်စတစ် အပြာရောင်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၄၀၀ တွေ့တယ်။ စိတ်ကြွဆေးပြားပေါင်း ၆၀၀ ဖမ်းမိတယ်။ ကာလတန်ဖိုး ၁၈ သိန်းလောက်ရှိမယ်" လို့ ပြောပါတယ်။

မိတ္ထီလာမြို့ အမှတ် ၃ ရဲစခန်းမှာ ဦးရဲကြီး (ခ)ကိုရဲ၊ မမျိုးမျိုးနဲ့ အောင်မြင့်ကြည်တို့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေ သုံးစွဲ/လက်ဝယ်ထားရှိ/သယ် ဆောင်ရောင်းချ/ဖြန့်ဖြူးထုတ်လုပ်/လက်နက် ကိုင်ဆောင်ရန်ပြု မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/

၂၀(က)/၂၁/၂၂(ခ) တို့နဲ့  အမှုဖွင့်ဖမ်းဆီးထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013