DVB Logo
Home
မြန်မာသတင်း
စစ်တွေခရိုင်အတွင်း စစ်အုပ်ချုပ်ရေး မလိုအပ်သေးဟု ခရိုင်ရဲမှူးပြော
DVB
·
July 7, 2017
စစ်တွေခရိုင်အတွင်း စစ်အုပ်ချုပ်ရေး မလိုအပ်သေးဟု ခရိုင်ရဲမှူးပြော
Donate to DVB

စစ်တွေခရိုင်အတွင်းမှာ စစ်အုပ်ချုပ်ရေးမလိုအပ်သေးဘူးလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဝင်းနောင်က ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လိုအပ်တဲ့ဒေသတွေမှာ စစ်အုပ်ချုပ်ရေး အမိန့်တရပ်ထုတ်ပြန်ပေးဖို့ ကြံခိုင်းရေးပါတီအပါ အဝင်နိုင်ငံရေးပါတီ ၁၄ ခုက ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့အပေါ် အခုလိုပြောဆိုလိုက်တာပါ။

“ကျနော်တို့ စစ်တွေခရိုင်အတွင်းမှာ မလိုဘူးခင်ဗျ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနေပါတယ်။ ကျန်တဲ့ ခရိုင်တွေတော့မသိဘူး။ နောက်တခါ ဒီဟာမျိုးမပြန့်ပွားအောင် ကျနော်တို့ လုံခြုံရေးတွေအနေနဲ့ ဒါကို အေးအေးချမ်းချမ်း နည်းနဲ့ ပြေလည်အောင် အတတ်နိုင်ဆုံးနည်းနဲ့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်တွေရဲတပ်ဖွဲ့အပြင် စစ်တွေမြို့ပေါ်မှာရှိနေတဲ့ တပ်ရင်းတွေနဲ့ သူတို့ဆီက အင်အား တွေစုပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွန်မှုနဲ့အတူ လုံခြုံရေးကို ဆောင်ရွက်သွားမှာပါ။”

စစ်တွေမြို့ ဒါးပိုင်းရပ်ကွက်ရက်အတွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ တရားခံတွေကို ဖမ်းဆီးရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ခရိုင်ရဲမှူးက ဆက်လက်ပြောပါတယ်။

“အဲဒီပြဿာနာကို ဘင်္ဂါလီလူမျိုးတွေ မလာသင့် မလာထိုက်တဲ့ အပ်နေရာတွေကို သူတို့ ဒီလိုရောက်လာခဲ့လို့ ပြဿနာတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် ဖြစ်ပွားပြီးတဲ့အပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က လူတဦး ပြစ်မှုတခု ကျူးလွန်လို့ရှိရင် ကျူးလွန်တဲ့ပြစ်မှုကိုတော့ အရေးယူခြင်းခံရမှာပဲ။ ဒါကြောင့် တရားခံဖမ်းဆီးရရှိရေးအတွက် ကျနော်တို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့အနေနဲ့ ကြိုးစားပြီးတော့ ဆောင်ရွက်လျက်ရှိနေပါတယ်။”

ဇူလိုင် ၄ ရက်နေ့က ဒါးပိုင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေ စီးပွားရေးကိစ္စအရ တားမြစ်နေမြေအတွင်းကို ဝင်ရောက်လာမှုတွေကြောင့် မသမာသူတစုနဲ့ ခိုက်ရန်ဖြစ်ပွားပြီး ဝင်ရောက်လာသူ ၇ အနက် တဦး သေဆုံး ခဲ့ပါတယ်။

စစ်တွေရွာကြီးမြောက်ရပ်ကွက် ဝါစလမ်းမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပြဿနာတွေကို ဆက်လက်မကူးစေဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိတွေ့မှုဖြစ်ပွားနိုင်တဲ့ နေရာတွေ လုံခြုံရေး ဆောင်ရွက်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013