DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် မောတောင်ဂိတ်တွင် လုံခြုံရေးကင်မရာများ စတင်တပ်ဆင်
DVB
·
July 7, 2017
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မောတောင်ဂိတ်မှာ လုံခြုံရေးကင်မရာတွေကို ဇူလိုင်လ ၇ ရက် နေ့က စတင်တင်ဆင်လိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ ဖွင့်လှစ်ထားတဲ့ မောတောင်နယ်စပ်ဂိတ်မှာ လုံခြုံရေးကင်မရာ CCTV ကို ဇူလိုင် ၇ ရက်နေ့က ၄ လုံး စတင်တပ်ဆင်လိုက်တယ်လို့ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က ပြောပါတယ်။

မောတောင်နယ်စပ်ဂိတ်ကတဆင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ် ဝင်ရောက်နေပြီးနောက် လုံခြုံရေးအနေအထားတွေ၊ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းဆောင်ရွက်နေမှု အနေအထားတွေကို စောင့်ကြည့်ဖို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့က လာရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးကင်မရာတွေ တပ်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“လုံခြုံရေးကင်မရာ တပ်ဆင်ရတဲ့ ရည်ရွယ်ချက်က လုံခြုံရေးချိုးဖောက်မှု မရှိစေဖို့၊ မသမာမှုတွေ လုပ်မယ့်သူတွေ မဝင်ရောက်လာစေဖို့၊ လုပ်ငန်းဆောင်ရွက်နေမှု အနေအထား တရားဥပဒေစိုးမိုးဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာပါ။ ဒီနေ့ပဲ ကင်မရာ ၄ လုံး စတင်တပ်ဆင်ပါတယ်” လို့ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်က ပြောပါတယ်။

မောတောင်နယ်စပ်ဂိတ်မှာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ငွေကြေးကောက်ခံနေမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက သွားရောက်စစ်ဆေးခဲ့ပြီးနောက် လုံခြုံရေးကင်မရာတွေ တပ်ဆင်တဲ့ကိစ္စ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

မောတောင်နယ်စပ်ဂိတ်မှာ နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လူတဦးကို ဆိုင်ကယ်ကယ်ရီဆွဲသူတွေကတဆင့် ဘတ် ၁၀၀၀ မှ ၁၂၀၀ အထိ ပေးပြီးမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေရတယ်လို့ နေရပ်ပြန်လာသူတွေက ပြောပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013