ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်မဆောက်ဖို့ ဗကသများအဖွဲ့ချုပ်က 7 July နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်တည်ဆောက်မှာကို အပြင်းအထန် ကန့်ကွက်နေပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရကတော့ တည်ဆောက်သွားဖို့ ပြင်ဆင်နေတာပါ။
ကျောင်းသားသမဂ္ဂတွေကို အသိမပေးဘဲ အစိုးရက ကိုယ့်သဘောနဲ့ကိုယ် အခုလို ဆောင်ရွက်နေတာဟာ သမိုင်းကို မျက်ကွယ်ပြုနေတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ 7July နေ့မှာ ကျောင်းသားသမဂ္ဂတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စုဝေးပြီး အမှတ်တရ အခမ်းအနားတွေ တနေကုန် ပြုလုပ်နေတာ ဖြစ်ပါတယ်။











