
အဓိက တိုင်းဒေသကြီး ၃ ခုဖြစ်တဲ့ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အစားထိုး ခန့်အပ်လိုက်ပါတယ်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေဖြစ်ကြတဲ့ ပဲခူးတိုင်းက ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ မကွေးတိုင်းက ဗိုလ်မှူးကြီး နိုင်ဦးနဲ့ မန္တလေးတိုင်းက ဗိုလ်မှူးကြီး မျိုးမင်းအောင်တို့ကို စစ်ဘက် မူလတာဝန်တွေ ထမ်းဆောင်စေပြီး တပ်မတော်အရာရှိ အသစ် ၃ ဦးနဲ့ အစားထိုးခန့် အပ်လိုက်တာဖြစ်ပါတယ်။
အသစ်ခန့်အပ်တာဝန်ပေးလိုက်တဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၃ ဦးကတော့ ပဲခူးတိုင်းအတွက် ဗိုလ်မှူးကြီး လှမျိုးရွှေ၊ မကွေးတိုင်းအတွက် ဗိုလ်မှူးကြီး မင်းဦးနဲ့ မန္တလေးတိုင်းအတွက် ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ ဖြစ်တယ်လို့ ဇူလိုင် ၆ ရက်နေ့စွဲနဲ့ သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။











