DVB Logo
Home
မြန်မာသတင်း
ကင်းတားဆည် ရေမြောင်းမကြီးအတွင်း လူငယ်နှစ်ဦး ရေနစ်၊ တဦး ပျောက်ဆုံး
DVB
·
July 7, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်၂၉ စမုံစိုက်ကွင်းအနီး ကင်းတားဆည် ရေမြောင်းမကြီးအတွင်း ဇူလိုင် ၆ ရက် မနက် ၁၁ နာရီခွဲလောက်က လူငယ်နှစ်ဦး ရေဆင်းချိုးရာ နှစ်ဦးလုံး ရေနစ်ပြီး တဦးကို ရှာမတွေ့သေးဘူးလို့ ညောင်အုပ်ဖီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က ပြောပါတယ်။

ရေနစ်သူနှစ်ဦးထဲမှာ ဇော်အောင်ကို အသက်ကယ်နိုင်ပြီး နေလင်းအောင်ကတော့ အခုထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

စိုက်ကွင်းမှူး ဦးရွှေဘက “စွန်ချောင်းရွာကနေ စိုက်ကွင်းဆွမ်းကျွေးကို လာကြတယ်။ ကင်းတားမြောင်းမကြီးထဲမှာ တဖက်ကမ်းကူးဖို့ ဝါးဖောင်လေး ရှိတယ်။ နှစ်ယောက်လုံး ရေမကူးတတ်ဘူး။ ဖောင်ကိုကိုင်ပြီး ရေချိုးတယ်။ လက်လွတ်သွားပြီး ရေနစ်တယ်။ လူအသွားအလာ ပြတ်နေတယ်။ ဆွမ်းကျွေးက ပြန်လာတဲ့သူတွေက ဇော်အောင် မြုပ်ချည်၊ ပေါ်ချည်နဲ့ ရေနစ်နေတာတွေ့လို့ ဆယ်လိုက်နိုင်တယ်။ ကျန်တယောက်ကတော့ ရှာနေတယ်။ အခုပဲ ည ၇ နာရီထိုးပြီ။ ရှာမတွေ့သေးဘူး”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုဝင်းက “လူငယ်နှစ်ဦး ရေနစ်တယ်။ တဦးကို ကယ်လိုက်နိုင်တယ်။ တဦးကတော့ ရှာမတွေ့သေးဘူးဆိုတာ သတင်းရတယ်။ ကူညီဖို့ ရဲတွေ လွှတ်ထားတယ်”လို့ ပြောပါတယ်။

ကင်းတားဆည် ရေမြောင်းမကြီးထဲမှာ ရေဆင်းချိုးလို့ ရေနစ်လေ့ရှိပေမယ့် အခုလို ရှာလို့ ခက်တာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013