နော်ဝေနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် ၁ ဆူအား နော်ဝေက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်ခရီး ရောက်ရှိနေတဲ့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး ဘော့ဂဲဘရန်ဒဲယ်က သာသနာရေးနဲ့ ယဉ်ကျေးမှုဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုထံ မနေ့က နေပြည်တော် အမျိုးသားပြတိုက်မှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်။
နော်ဝေနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်ဟာ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာဖြစ်ပြီး အဆိုပါ ဗုဒ္ဓဆင်းတုတော်ကို အမျိုးသားပြတိုက် (နေပြည်တော်) မှာ မကြာခင် ခင်းကျင်းပြသမယ့် ဗုဒ္ဓပြခန်းတွေမှာ ထားရှိပြသသွားမယ်လို့ သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - Ministry of Religious Affairs and Culture










