DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် ရောင်းချနေသည့် ပဲပြားနှင့် ပဲသွေးများတွင် ဖော်မလင်ပါရှိကြောင်း FDA က စစ်ဆေးတွေ့ရှိ
DVB
·
July 6, 2017
ဟင်္သာတတွင် ရောင်းချနေသည့် ပဲပြားနှင့် ပဲသွေးများတွင် ဖော်မလင်ပါရှိကြောင်း FDA က စစ်ဆေးတွေ့ရှိ
1 / 4
Donate to DVB

 

ဟင်္သာတမြို့က ဌေးဝင်းဈေးနဲ့ ပဒေသာဈေးကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ဇူလိုင်လ ၆ ရက်နေ့က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီလို ဝင်ရောက် စစ်ဆေးရာမှာ ဈေးကွက်တွင်းရောင်းချနေတဲ့ ပဲပြားနမူနာ သုံးမျိုးနဲ့ ပဲသွေးနမူနာ ၂ မျိုးမှာ ဖော်မလင်ကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဖော်မလင်တွေရှိခဲ့တဲ့ ပဲပြားနဲ့ ပဲသွေးတွေကို ဈေးကွက်တွင်းက သိမ်းယူဖျက်ဆီးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး FDA လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောပါတယ်။

ထုတ်လုပ်ဖြန့်ဖြူးတဲ့ ရင်းမြစ်တွေကို ဆက်လက်စုံစမ်းရာမှာ ပဲသွေးက ရန်ကုန်က ရယူရောင်းချ တာဖြစ်ပြီး ပဲပြားတွေကတော့ ဒေသတွင်းမှာတင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ကြယ်တံဆိပ် နဲ့ဗွီ တံဆိပ်၊ နံပတ်ဝမ်း တံဆိပ်နဲ့ T တံဆိပ်တွေဖြစ်ပါတယ်။

FDA က ပဲပြားထုတ်လုပ်တဲ့စက်ရုံတွေအထိ သွားရောက်စစ်ဆေးပြီး အရေးယူ ပိတ်သိမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပဲပြားထုတ်လုပ်ရောင်းချသူတဦးဖြစ်တဲ့ ကြယ်တံဆိပ်နဲ့ ဗွီတံဆိပ် ပဲပြားစက်ရုံပိုင်ရှင် ဦးပေါ်လင်းထွန်းကတော့ “နယ်တွေရဲ့လိုအပ်ချက်အရ ဆုံးရှုံးမှုမရှိအောင် ဖော်မလင်ကို အနည်းငယ်အသုံးပြုတာဖြစ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သူ့အနေနဲ့ ဖော်မလင် အသုံးမပြုတဲ့ ပဲပြားအသေးတွေကိုသာ ရောင်းချသွားမယ်”လို့ ဆိုပါတယ်။

အစားအသောက်တွေမှာ တာရှည်ခံအောင် အသုံးပြုတဲ့ ခွင့်ပြုထားတဲ့ ဆေးတွေရှိပြီး ဖော်မလင်ကိုတော့ ခွင့်ပြုထားခြင်း မရှိပါဘူး။ ဖော်မလင် ကို ရေရှည်စားသုံးမိမယ်ဆိုရင်တော့ အစာအိမ် အူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ရောဂါ အသဲရောဂါအပြင် ကင်ဆာရောဂါ အထိ ဖြစ်ပွားစေနိုင်ပြီး ကိုယ်ဆောင်မိခင်တွေ ရေရှည်စားသုံးမိမယ်ဆိုရင်လည်း မွေးလာတဲ့ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013