DVB Logo
Home
မြန်မာသတင်း
လှည်းကူးကျူးကျော် ဖယ်ရှားခံရသူများက မြေကွက်ရောင်းချခဲ့သူများကို တရားစွဲမည်
DVB
·
July 6, 2017
လှည်းကူးကျူးကျော် ဖယ်ရှားခံရသူများက မြေကွက်ရောင်းချခဲ့သူများကို တရားစွဲမည်
Donate to DVB

 

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က နိုင်ငံပိုင်မြေကို ကျေးရွာသစ်ဖော်ဆောင်ရေးအမည်နဲ့ မြေကွက် ရောင်းချသူတွေကို ကျူးကျော်အဖြစ် ဖယ်ရှားခံရသူတွေ စုပေါင်းပြီး  တရားစွဲဆိုသွားမယ်လို့  နေရာ ဖယ်ရှားခံရတဲ့ ရွာသားတွေကပြောပါတယ်။

လှည်းကူးမြို့နယ် ဖယ်ရှားခံ ရတနာအောင်ကျေးရွာက ဦးသိန်းအောင်က “ဇူလိုင် ၉ ရက်နေ့မှာ ကျနော်တို့ ရတနာအောင်ကျေးရွာ အပါအဝင် နစ်နာသူတွေ စုပေါင်းပြီး ၁၀ ဦး ကော်မတီတရပ် ဖွဲ့စည်းမယ်၊ ပြီးရင် ရှေ့နေငှားမယ်။ ဇူလိုင်လ ဒုတိယပတ်ထဲမှာ လှည်းကူးတရားရုံးမှာ ဦးတိုက်လျှောက်မယ်။ တရားမကြောင်းအရ တရားစွဲဖို့။ မြေကွက်၊ အိမ် ဝယ်ယူခဲ့သူတွေရဲ့ ဝယ်ယူခဲ့တဲ့အထောက်အထား လက်မှတ်တွေ စုဆောင်းနေပါတယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။

အလားတူ ဖယ်ရှားခံရတနာအောင်ကျေးရွာက ဒေါ်စုစုက “ မြေကွက်အစား လျှော်ကြေးနစ်နာကြေး ဘာမှမတောင်းဆိုပါဘူး။ လိမ်လည်သူတွေကို နောင်ဒါမျိုးမလုပ်အောင် ဥပဒေအတိုင်း ဖြစ်အောင် လုပ်ပေးဖို့ပဲ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

လှည်းကူးမြို့နယ် အမြန်လမ်းဘေး ၃မိုင် ဝန်းကျင်က ကျူးကျော် နေအိမ် ၅၀၀၀ ဝန်းကျင်ကို ဇွန်လ ဒုတိယပတ်က  သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဒီကျေးရွာတွေက မြေနေရာတွေကို လူအစုအဖွဲ့က ကျေးရွာသစ်ဖော်ဆောင်ရေးအမည်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကျေးရွာသစ် ဖော်ဆောင်ရေးအမည်နဲ့ မြေကွက်ရောင်းချသွားသူတွေကို ရွာသားတွေက လှည်းကူးတရားရုံးမှာ ပ ၈၄၂/၂၀၁၇ ၊ပုဒ်မ၄၂၀/၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။

 

သတင်း-အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013