DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၃ သောင်းကျော်ရှိပြီ
DVB
·
July 6, 2017
ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၃ သောင်းကျော်ရှိပြီ
Donate to DVB

 

ထိုင်းနိုင်ငံမှာ အဖမ်းအဆီးတွေကြောင့်  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားပေါင်း မနေ့မနက်ကထိ  ၃၄၀၆၉ ယောက်ရှိနေပြီဖြစ်တယ်လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာကျင်းပတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်လို့  ဒီကနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေထံက ငွေကြေးကောက်ခံခြင်းမပြုဖို့ ညွှန်ကြားထားသလို ရွှေ့ပြောင်းလုပ်သားတွေသွားလိုတဲ့ နေရပ်ကို ပြန်လည်သွားရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားပြီး လိုအပ်တဲ့  ဆေးကုသမှုတွေပေးနေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။

ဖမ်းဆီးမှုတွေဟာ နှစ်နိုင်ငံ လုပ်သားတွေအကျိုးကို ထိခိုက်စေပြီး သက်ဆိုင်ရာ နိုင်ငံတွေကို အကျိုးသက်ရောက်စေတဲ့ အတွက် ဖမ်းဆီးထိန်းသိမ်းမှုတွေကို ညင်သာစွာ ဆောင်ရွက်သွားဖို့၊   ရွှေ့ပြောင်း လုပ်သားတွေရဲ့ အခက်အခဲတွေအတွက် ပြင်ဆင်ချိန်ပေးနိုင်ဖို့နဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေကို တရားဝင် ပြန်လည်ခေါ်ယူနိုင်ဖို့တွေအတွက်  နိုင်ငံခြားရေး ၀န်ကြီးဌာနက တင်ဆင့် ထိုင်း အလုပ်သမားဝန်ကြီးဌာနကို ဇွန် ၂၉ ရက်က တရားဝင် အကြောင်းကြားခဲ့တယ်လို့လည်းဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဇွန်လ ၂၂ရက်နေ့က အလုပ်သမားဥပဒေသစ်ကို ပြဌာန်းပြီးနောက် တရားမ၀င်အလုပ်သမားဖမ်းဆီးမှုတွေကို အပြင်းအထန်လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြန်မာဘက်က အကြောင်းကြားပြီးနောက် ထိုင်းနိုင်ငံအစိုးရအဖွဲ့က အလုပ်သမားဥပဒေသစ်ကို  ၂၀၁၈ ဇန်န၀ါရီလ ၁ ရက်နေ့ထိ ၆ လကြာမြင့်ဆိုင်းငံထားဖို့  တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့ညနေ ၃ နာရီအထိ မြ၀တီနယ်စပ်ဂိတ်မှ ၂၄၂၄၁ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၃၃၉၁ ဦး ၀င်ရောက်ခဲ့တယ်လို့ တပ်မတော်ကလည်းသတင်းထုတ်ပြန်ထားပါတယ်။

အလားတူ မလေးရှားနိုင်ငံမှာလည်း  အလုပ်သမားတွေရဲ့ လုံခြုံရေး အခြေအနေစိုးရိမ်ရတဲ့ အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကစလို့ အလုပ်သမားစေလွှတ်မှုကို ခေတ္တရပ်ဆိုင်းထားပြီး လုပ်သားတွေ ပြန်လည် စေလွှတ်နိုင်ဖို့ စနစ်တကျစီစဉ် ဆောင်ရွက်နေတယ်လို့လည်း အလုပ်သမား ၀န်ကြီးကပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားမ၀င်လုပ်သားပေါင်း ၁၀၃၅ ဦးကို ဖမ်းဆီးရမိခဲ့ရာမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၂ ဦးပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013