DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ ကော့သောင်း နယ်စပ်ဂိတ်မှ ဆက်လက်ဝင်ရောက်နေ
DVB
·
July 6, 2017
Donate to DVB

ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေဟာ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းအထိ ကော့သောင်း နယ်စပ်ဂိတ်ကနေ ဆက်လက်ဝင်ရောက်နေပါတယ်။

ဝင်ရောက်လာကြတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေ၊ ကော့သောင်း အန်အယ်လ်ဒီ၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့နဲ့ တခြားပရဟိတအဖွဲ့တွေက လာရောက်ကြိုဆိုကြပြီး လူစာရင်းကောက်တာတွေ၊ ကျန်းမာရေး စစ်ဆေးပေးတာတွေကို ပြုလုပ်ပေးကြပြီး နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးကြပါတယ်။ ထိုင်းဘက်က မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MNPအဖွဲ့ DISAC၊ PGS အဖွဲ့တွေကလည်း လိုက်လံပို့ဆောင်ပေးနေပါတယ်။

ကော့သောင်း နယ်စပ်ဂိတ်က ဝင်ရောက်လာသူ ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ လူဦးရေ ၅၀၀ ကျော်ရှိသွားပြီး နေရပ်ကို ပြန်နိုင်ဖို့ ယာဉ်စီးခ တဝက်နှုန်းနဲ့ စီစဉ်ပေးထားကာ မတတ်နိုင်သူတွေကို ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနက ခရီးစရိတ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ မမာလာက “ကျမတို့က သူတို့ကို ပြန်ပို့ပေးတဲ့နေရာမှာ ကျမတို့မှာ ပို့ပေးချင်တဲ့ စေတနာပဲ ရှိပါတယ်။ ငွေမရှိပါဘူး။ ဒီလောက် လူအများကြီးအတွက်လည်း မတတ်နိုင်ပါဘူး။ ဒီတော့ ကျမတို့က သူတို့ဆီက ငွေကောက်ခံပါတယ်။ ပေးနိုင်တဲ့သူ ပေးပေါ့။ ဒီရတဲ့ငွေတွေနဲ့ ဖူးခက်ကနေ ရနောင်းအထိ ကားခနဲ့ စားစရိတ် အထွေထွေစရိတ် လုပ်ပါတယ်။ ဒီထဲကမှ ပိုတဲ့ငွေတွေနဲ့ မတတ်နိုင်တဲ့သူတွေကို ပြန်မျှရပါတယ်။ ဒီလိုပုံစံနဲ့ ကော့သောင်း အရောက်ပို့ပေးရတာပါ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာလိုတဲ့သူတွေ အများကြီး ရှိသေးတယ်လို့လည်း သိရပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013