DVB Logo
Home
မြန်မာသတင်း
ကလေးနယ်တွင် အမျိုးသမီးတဦးထံမှ လူငယ် ၃ ဦး ပစ္စည်း လုယက်
DVB
·
July 6, 2017
Donate to DVB

ကလေးမြို့နဲ့ ၄ မိုင်ခန့်အကွာ ဖောင်ကူးရွာနဲ့ အင်ဒိုင်းကြီးရွာ လမ်းပေါ် လူငယ် ၃ ဦးက အမျိုးသမီးတဦးဆီက လက်ကိုင်အိတ် လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။

“ပစ္စည်းလုယက်မှု ဖြစ်သွားတာက ညနေ ၅ နာရီလောက်မှာ ဖြစ်သွားတာ။ လုခံရတဲ့ အမျိုးသမီးက မြို့ထဲကနေ သူ့ရွာကို ညနေ ဆိုင်ကယ်နဲ့ အလုပ်အပြန် ဖောင်ကူးကနေ အင်ဒိုင်းကြီးဘက်သွားတဲ့ လမ်းပေါ်မှာ အနောက်ကနေ ဆိုင်ကယ်စီးပြီး ကပ်လိုက်လာတဲ့ လူငယ် ၃ ဦးထဲက တဦးက အမျိုးသမီး လွယ်ထားတဲ့ အိတ်ကို လုတာ။ ပြန်လုတော့ ဆိုင်ကယ် တွန်းလှဲ လုပြေးသွားတာ အိတ်ပါသွားတာ ဖြစ်တယ်”လို့ ကလေးစခန်းက နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။

လုယက်ခံရသူမှာ အင်ဒိုင်းလေးကျေးရွာကနေ ကလေးမြို့ကိုလာပြီး ကမ္ဘောဇလေကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနမှာ အလုပ်လုပ်သူ မဇာဇာခိုင် ဖြစ်တယ်လို့ သိရပါတယ်။

လုယက်သူ လူငယ်သုံးဦးကိုတော့ စုံစမ်းဆဲဖြစ်ပြီး အဲဒီလူငယ်သုံးဦးဆီကို မဇာဇာခိုင်ရဲ့ လွယ်ထားတဲ့ ဘေးလွယ်အိတ် သားရေအိတ်တလုံးနဲ့အတူ ဆမ်ဆောင်း ဟွာဝေး ဖုန်း ၂ လုံး၊ ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ် MPU ၂ ကတ်နဲ့ ငွေစုစာအုပ် ၂ အုပ်၊ ငွေသား ၅ သောင်းခန့် ပါသွားခဲ့တယ်လို့ သိရပါတယ်။

လုယက်သူဟာ ဆိုင်ကယ်ကို တွန်းလှဲခဲ့တာကြောင့် လုယက်ခံရသူ မဇာဇာခိုင်မှာ နဖူးပေါက်ပြဲ၊ လက်ဝဘက် နားထင်နဲ့ လက်မောင်း စုတ်သွားတာတွေ ဖြစ်ခဲ့ပြီး စိုးရိမ်ရတဲ့ အနေအထား မရှိဘူးလို့လည်း သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013