DVB Logo
Home
မြန်မာသတင်း
၁၂ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သူကို အမှုဖွင့် အရေးယူ
DVB
·
July 6, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းအုပ်စု၊ ညောင်ပင်လှရွာ ဇူလိုင်လ ၅ ရက် ညနေ ၄ နာရီက  ၁၂ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ခံရတယ် ဆိုပြီး မိခင်ဖြစ်သူ မပိန်မ(ခ)မဝင်းမက အမှုလာဖွင့်တယ်လို့ ရွှေတောင်ရွာ ရဲစခန်းက ပြောပါတယ်။

စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “ဖြစ်ခဲ့တာက မေလ ၂၉ ရက် ည ၈ နာရီ။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးဟာ ဦးကုလားအိမ်ကနေ တီဗွီကြည့်ပြီး ပြန်လာတယ်။ ရွာလယ်လမ်းမှာ ပုကွ(ခ)ဆန်းထိုက် ပြေးလိုက်လာပြီး ပါးစပ်ပိတ် ပွေ့ချီတယ်။ ရွာတောင်ဘက်က ရေကန်ဘောင် ဘောစကိုင်းတောထဲမှာ အဓမ္မပြုကျင့်တယ်။ မေလ ၃၀ နဲ့ ၃၁ မှာလည်း ထပ်ဖြစ်ခဲ့တယ်။ ဒီနေ့ မိခင်ဖြစ်သူက တရားလိုလုပ်ပြီး အမှုဖွင့်တယ်”လို့ ပြောပါတယ်။

ရွှေတောင်ရွာ ရဲစခန်းက အမှုအမှတ် (ပ)၄၃/၂၀၁၇ အသက်မပြည့် အလိုမတူ အဓမ္မပြုကျင့်တဲ့ မုဒိမ်းမှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ တရားခံ ပုကွ(ခ)ဆန်းထိုက်ကို ဖမ်းဆီး အမှုဖွင့်ပါတယ်။

သတင်း-မောင်မောင်လင်း-(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013